Episode 5

771 122 6
                                    

လူတစ်ချို့ကမပိုင်ဆိုင်ရလည်းဖြစ်တယ်ဆိုတဲ့
စကားမျိုးကိုပြောတတ်ကြတယ် ဒါဟာ
တကယ်တမ်းဆုံးရှုံးရတော့မယ့်အနေအထားမျိုး
ကိုအလွယ်လေးကျော်ဖြတ်နိုင်ဖို့ဆင်ခြေသက်သက်ပါပဲ။

" စာတွေထပ်ရောက်လာသေးလား ဂျင်းနီ "

ညစာစားြပီးလို့အိမ်ရှေ့ဧည့်ခန်းထဲမှာထိုင်နေကြရင်း
ရုပ်သံလိုင်းတစ်ခုကလာနေတဲ့ဇာတ်ကားတစ်ခုကို
ြကည့်နေကြသည်။ လီဆာရော ဂျင်းနီရော ြကမ်းပြင်မှာထိုင်နေကြပြီးစားပွဲပေါ်မှာတော့ ဘီယာဘူးနှစ်ဘူး
ရှိနေတယ်။ဂျင်းနီမသောက်ချင်ဘူးပြောပေမယ့်
လီဆာယူလာခြင်းဖြစ်သည်။

" မရောက်တာ နှစ်လလောက်ရှိပြီထင်တယ် "

ဟိုတစ်ခါ ပန်းဆိုင်ကို ဂျင်းနီရောက်လာပြီးတည်းက
လီဆာတို့မတွေ့ဖြစ်ကြတာ နှစ်လလောက်ရှိနေပြီ။
ဒီကြားထဲဖုန်းအဆက်အသွယ်ပဲလုပ်ခဲ့ကြရင်း။
လီဆာက ဂျင်းနီဆီကရုန်းထွက်ဖို့နည်းလမ်းကို
ရှာနေပေမယ့်ရှာမတွေ့ဘဲ သူ့ဆီကိုပဲတစ်ဝဲလည်လည်
ြပန်ရောက်နေတဲ့စိတ်တွေကိုချိုးနှိမ်လို့‌မရခဲ့ပါ။

အလိုက်သိစွာ သုံးနှစ်လုံး တစ်လမပြတ်ပို့ခဲ့တဲ့
စာပို့ခြင်းကိရပ်တန့်လိုက်တော့ ရင်ထဲဟာသွား
ရသည်။တိုတောင်းတဲ့စာလေးတစ်စောင်ပို့ရဖို့
အတွက် တစ်လလုံးရင်ခုန်ရတဲ့ခံစားချက်ကို
လီဆာပိုကြိုက်မိပါသည်။ဆက်ပို့လို့မဖြစ်တော့
ဘူးဆိုတဲ့အချက်ကိုလက်ခံလိုက်တာက
ဂျင်းနီစိတ်ရှုပ်နေမှာစိုးလို့ရယ်။

တကယ်ဆို သူနဲ့ဂျင်းနီကအပြိုင်ဖြစ်နေတဲ့
မျဥ်းတစ်ခုပေါ်မှာရပ်နေမိကြပြီထင်ပါတယ်။
ရှေ့တိုးမရနောက်ဆုပ်မရတဲ့အ‌ေြခအနေတစ်ခုကို
ကိုယ်တိုင်ဖန်တီးထားကြတာလို့ထင်ပါသည်။
နည်းနည်းရှေ့တိုးလိုက်တာနဲ့နည်းနည်းပိုဝေးသွား
ရလိမ့်မည်။

ဒါတွေကိုအချစ်လို့ခေါင်းစဥ်တပ်ရူးမိုက်ရအောင်
ကလည်းနှစ်ယောက်လုံးကဆယ်ကျော်သက်လည်း
မဟုတ်ကြ။ လီဆာကတော့ ပိုင်ဆိုင်ချင်လားလို့
မေးရင် ဟုတ်လို့ ‌ေြဖမှာပေမယ့် ဂျင်းနီကတော့
မသိနားမလည်တဲ့အကြည့်မျိုးနဲ့ကြည့်လိမ့်မည်။
ဘာအတွက်လဲ လီဆာကိုဘာလို့လဲ စသဖြင့်မေးခွန်းတွေနဲ့ပေါ့။ဂျင်းနီက ဒီအ‌ေြခအနေလေးတိုင်းကို
သဘောတကျရှိနေခြင်းသည် လီဆာရှေ့တိုးမည်ကို
ရပ်တန့်စေသောအကြောင်းရင်းဖြစ်သည်။

Happier Where stories live. Discover now