Episode 3

848 151 12
                                    

ဘဝကမှာပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းဖြစ်စဥ်
တွေကတစ်ထပ်တည်းကျတယ်လို့ထင်တယ်
တစ်ချို့စာတွေကဝမ်းနည်းစေသလို
တစ်ချို့စာတွေကပျော်ရွှင်စေပေမယ်​့
ပေးပို့သူကတစ်ယောက်တည်းဖြစ်နေခဲ့သလိုမျိုးပေါ့။

ဂျင်းနီ ဘာကိုရှာဖွေပြီး ဘာလိုပျော်ရွှင်ရမလဲ။

အချစ်ကြောင့်လို့ခေါင်းစဥ်တပ်ရူးသွပ်သွား
သူများကိုကုသပေးခဲ့ရတာလည်းမနည်းတော့။
အထူးသဖြင့် ဂျင်းနီရဲ့အမေကိုယ်တိုင်ကိုရော။
မေမေကဘာ‌ေြကာင့် ဒီဆေးရုံမှာတက်နေရပြီး
သူကဘာလို့စိတ်ရောဂါအထူးကုလုပ်နေရလည်း
ဆိုသောအ‌ေြဖကို ကမ္ဘာပေါ်မှာလူလေးယောက်သာ
သိသည်။သူရယ်၊သူ့မေမေရယ်၊သူ့မေမေသဘောကျခဲ့ဖူးတဲ့အမျိုးသမီးရယ် ထိုအမျိုးသမီးရဲ့သမီးရယ်။

သံဇာကာတွေနဲ့ကာရံထားတဲ့ပြတင်းရဲ့တံခါးတွေကို
ဖွင့်ထားသည်။ထိုပြတင်းအပြင်ကိုငေးကြည့်နေသော
ဂျင်းနီရဲ့အမေ။ဘေးမှာဂျင်းနီထိုင်နေသည်။
သူလည်းထပ်တူပြတင်းအပြင်ကိုငေးကြည့်နေတယ်။

အပြာရောင်နောက်ခံတိမ်တွေပေါ်မှာအဖြူရောင်
တိမ်တွေပြေးလွှားနေတာကိုကွက်တိကွက်ကြားမြင်နေရတယ်။စိတ်တွေလေဟာနယ်ရောက်သွားရသလို။
တစ်စုံတစ်ခုကို အသည်းအသန်သတိရမိသွားတာမျိုး။ဂျင်းနီသက်ပြင်းတစ်ချက်ချလိုက်မိတယ်။
စိတ်တွေမွန်းကြပ်လာလိုက်တာ။

" Omma အချစ်ကိုဘယ်လောက်ထိရူးသွပ်ခဲ့လဲ"

" ဟင် "

အပြင်ကိုငေးနေရာမှာ သူ့ကိုလှည့်ကြည့်လာသော
အမေဖြစ်သူက သူ့မေးခွန်း၏အတိမ်အနက်ကို
နားမလည်သလိုနဲ့ခေါင်းခါပြသည်။

တစ်ချို့အချိန်တွေမှာ ဂျင်းနီကိုသတိရတတ်ပေမယ့်
သတိမရချိန်ကပိုများနေတတ်ပြန်သည်။

" အချစ်က ကျိန်းသေပျော်ရွှင်ရလား omma"

Omma Kim ၏အပြုံးရေးရေးလေးကို ဂျင်းနီ
ဖြတ်ခနဲမြင်လိုက်ရတယ်။Omma ဘာကိုတွေးလို့
ရသွားတာလဲ။ခေါင်းညိမ့်ပြပြီးပြတင်းပေါက်အပြင်ကိုပြန်ငေးနေပြန်သည်။

Happier Where stories live. Discover now