Episode 2

959 151 4
                                    

အသည်းခိုက်အောင်အေးတဲ့ဒီဇင်ဘာမနက်ခင်း၊
ခရစ်စမတ်မနက်ခင်း၏အအေးဒဏ်ကိုအန်တုက
လေအေးတွေကိုတ​ွန်းဖယ်ရင်း ဆိုင်ကယ်စီးရတဲ့
အရသာကို လီဆာသဘောကျသည်။

ပုံမှန်ဆို မနက်ကိုးနာရီထိုးမှရုံးသွားရမှာပေမယ်​့
အသိမိတ်ဆွေဆီကိုပစ္စည်းတစ်ခုကိုပို့ပေးပါလို့တောင်းဆိုလာတဲ့ သူဌေးပတ်ခ်ကြောင့်
မနက်စောစောမြို့ပြင်ဘက်ကိုလီဆာသွားနေရသည်။ခရစ္စမတ်ဆိုတော့ လက်ဆောင်တွေ
အပြန်အလှန်ပို့ပေးကြတာများတဲ့ကာလဆိုတော့
" Rosé " စာတိုက်မှာတော့အလုပ်ရှုပ်ဆုံးအချိန်ပါ။
စာတွေထက်ပစ္စည်းလက်ဆောင်တွေဖြစ်လို့
တော်သေးသည်။မဟုတ်ရင် လီဆာနားရမှာကို
မဟုတ်ပေ။

မြို့ပြင်ကိုရောက်တော့ယူဆောင်းဆေးရုံ​ေရှ့က
ဖြတ်ရသည်။ထိုအခါ ဒေါက်တာကင်မ်ကို
သတိရမိသွားတယ်။

လီဆာ ပစ္စည်းပို့ရမယ့် ရွာလေးကိုရောက်တော့
နေ့လည်စာစားချိန်ရောက်နေပြီ။အိမ်နံပါတ်ရှာဖွေ
ပြီး နောက်ဆုံးလိပ်စာထဲကအိမ်လေးကိုရှာတွေ့
သွားသည်။

အိမ်ရှေ့နားဆိုင်ကယ်ရပ်လိုက်ပြီး ခြံတံခါးနား
ရှေ့ရပ်ကာအိမ်ရှင်တွေကိုလှမ်းခေါ်ရသည်။

" အိမ်ရှင်တို့ အိမ်ရှင်တို့ "

လီဆာ သုံးခါလောက်ခေါ်မှာအမျိုးသမီးတစ်ယောက်ထွက်လာသည်။

" ဘတ်ဆူဇီလားမသိဘူး "

" ဟုတ်ပါတယ် ကျွန်မပါ"

"ဟုတ်ကဲ့ ပတ်ခ်ချယ်ယောင်းက ပစ္စည်းလေး
ပို့ခိုင်းလိုက်လို့ပါ "

လီဆာလက်ထဲကပါကင်ပိတ်အလှဆင်ထားတဲ့
ဘူးလေးကို အမျိုးသမီးရဲ့လက်ထဲကိုထည့်ပေး
လိုက်သည်။ ပြီးတော့ နှင်းဆီပန်းလေးတစ်ပွင့်ရော။

" ကျန်းမာရေးဂရုစိုက်ဖို့မှာလိုက်ပါတယ်
Merry Christmas ပါ ခွင့်ပြုပါဦး "

" ဟုတ်ကဲ့ ကျေးဇူးပါ ဂရုစိုက်ပြီးပြန်ပါ "

" ဟုတ်ကဲ့ပါ "

လီဆာတာဝန်ပြီးလို့စိတ်လက်ပေါ့ပါးသွားသည်။
ထိုအခါဗိုက်ဆာလာသည်။ စားစရာတစ်ခုခုလိုအပ်သည်။ဒီရွာမှာစားသောက်ဆိုင်တစ်ခုခုရှိမလားလို့
လိုက်ရှာကြည့်သေးပေမယ့်မတွေ့။ နောက်ဆုံးတော့
ရွာအစွန်နားလေးမှာဆိုင်တစ်ဆိုင်တွေ့လိုက်တာကြောင့်ဝမ်းသာအားရပြေးသွားခဲ့မိပေမယ့်လည်း
ဆိုင်ပိတ်ထားသည်။

Happier Where stories live. Discover now