Start from the beginning
 အခြားသူများက သူ့အားမလုပ်တတ်၍ အထင်သေးသွားမည်ကိုလည်း စိုးရိမ်ရသေး၏။ ထို့ကြောင့် ဂျက်စတင်က သုံးစွဲပုံအညွှန်းစာအုပ်အား ဘယ်သူမှမမြင်အောင် ဝှက်ကာ ချောင်းဟမ့်လိုက်လေသည်။
 "ခင်ဗျားဒီကိုလာဦး....ခင်ဗျားရဲ့ မျက်ဆံတွေနဲ့ Scan ဖတ်ဖို့လိုတယ်" အက်ဂါက ဂျက်စတင်အားပြောလိုက်၏။
 သူကလည်း အကောင့်ဖွင့်ရသေးတာလား။ ဂျက်စတင်က အပြေးလေးသွားကာ မျက်လုံးများကို Scan ဖတ်လိုက်၏။ ရှုပ်ထွေးလှသောစက်ကြီး နောက်ဆုံးပွင့်သွားတော့သည့်အခါမှ ဂျက်စတင် သက်ပြင်းချနိုင်တော့၏။ ဝူးးးသူက တကယ်ကြီးတောသားတစ်ယောက်လိုပဲ။
 မဟုတ်သေးဘူး...သူကအရမ်းမဆိုးသေးပါဘူး။ အရှင့်သားခေါ်လာခဲ့တဲ့ သားရဲတစ်ပိုင်းလူသားလေးက ပိုပြီးတော့ တောသားနဲ့တူတယ်။ အနည်းငယ်တုံးအပုံပေါ်သည့် သားရဲတစ်ပိုင်းလူသားငယ်လေးအား ကြည့်လိုက်ကာ ဂျက်စတင်၏နှလုံးသားထဲတွင် သူကမှ ထိုအကောင်လေးထက်စာလျှင် တော်ပါသေးသည်ဟူသော ခံစားချက်ကြီးပေါ်လာလေသည်။
 ရှုရှုက ဤနေရာတွင် တကယ့်ကိုနံပတ်တစ်တောသားကလေး ဖြစ်နေလေသည်။ သူက ဤနေရာမှ ပစ္စည်းများကို မသိရှိရုံမျှမက ထိုသားရဲလူများပြောနေသည်ကိုပင် နားမလည်ပါချေ။
 သူနားမလည်ဆုံးမှာ သူ့မြွေကြီးက အဘယ့်ကြောင့် အရာအားလုံးလိုလိုသိနေခြင်းအကြောင်း ဖြစ်လေသည်။
ဘာကြောင့်မို့ သူတို့ကြား ကွာခြားမှုက ကြီးမားလွန်းနေရတာလဲ။
 အက်ဂါ​က သာမန်သားရဲတစ်ကောင်မဟိတ်လိုများလား။ အက်ဂါ၏ ယုံကြည်ချက်အပြည့်အသွင်အပြင်အား ကြည့်ကာ ရှုရှုက အလေးအနက် တွေးတောနေမိတော့၏။
 အွန်းပေါ့ အက်ဂါက ဒဏ္ဍာရီလာသားရဲတစ်ကောင်ပဲလေ။ ဒဏ္ဍာရီလာ သားရဲကွ။ ဒဏ္ဍာရီလာသားရဲတွေက မွေးကတည်းက သဘာဝကိုလွန်ဆန်၍ ဉာဏ်ရည်ဖွံ့ဖြိုးလာပြီး ရွှေအမြုတေကိုပင်ပိုင်ဆိုင်ကြသည်ဟု အဆိုရှိပြီး ထိုအဆင့်သို့ရောက်ရန် ကျင့်ကြံခဲ့ရသော သူ့လိုအိမ်မွေးအချစ်တော်လေးနှင့် မတူနိုင်ပေ။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now