Asteroမိမိအ​တွေးအားရပ်​တန့်​​စေလိုက်​ပြီး​နောက်​ ထိုသူကိုကြည့်​၍

" ​နောက်​ဆိုဒီကိုမလာပါနဲ့ ခင်​ဗျား​တောင်းပန်​ရတဲ့အ​ကြောင်းအရင်းကိုသိရမှ​​တောင်းပန်​ဖို့လာ​ပေါ့
တကယ်​လို့မသိရ​သေးရင်​ ခင်​ဗျားကိုဒီ​နေရာကမကြိုဆိုဘူး _"

မိမိစကားအဆုံး၌ထိုသူသည်​အ​ရှေ့သို့​ဖြေးညှင်းစွာတိုးလာပြီးမိမိနဖူးအား​ဖြေး​ညှင်းစွာနမ်းရှိုက်​လိုက်​၏...

" ဒါကမင်းဆီကိုမလာရ​တဲ့အချိန်​အတွင်းအလွမ်း​ပြေ_! နှုတ်​ဆက်​ပါတယ်​Astero ပြန်​​တွေ့ကြတာ​ပေါ့ _"

ထို့​နောက်​ထိုပုံရိပ်​သည်​တ​ဖြေး​ဖြေး​ဝေဝါးလာပြီး​နောက်​​ပျောက်​ကွယ်​သွား၏......

" မင်းကကစားချင်​တယ်​ဆို​တော့လဲကစားကြတာ​ပေါ့Lindaဒါက
မင်းကိုယ်​တိုင်​​တောင်းဆိုတဲ့အရာမို့ငါ့ကိုအပြစ်​မတင်​ဖို့​တော့​မျှော်​လင့်​တယ်​ မင်းကငါ့ညီမဆိုတာငါ့ရဲ့အတိတ်​မှာကျန်​ခဲ့ပြီ _"

Asteroခန​တွေ​ဝေပြီး​နောက်​တွင်​​တော့
" Organ!_"

ဤအရာအားလုံး၏အ​ဖြေသည်​ထိုသူထံတွင်​သာရှိသည်​...

" အရှင့်​ကိုနှုတ်​ခွန်းဆက်​ပါတယ်​ _"

မိမိစကားမဆို​သေးပဲထိုသူကိုသာ အ​မေးဆန်​သည့်​မျက်​ဝန်းတို့ဖြင့်​ကြည့်​​နေလိုက်​၏...

" အားလုံးနီးပါးငါမှတ်​မိ​နေပြီOrgan တကယ်​လို့မင်းမှာ​ဖြေရှင်း​ပေးစရာရှိ​နေရင်​ ငါကျန်​တာကိုမမှတ်​မိ​သေးခင်​ကြို​ပြောထားသင့်​တယ်​ အဲ့Systemကဘယ်​ကဘယ်​လို​ပေါ်လာရတာလဲ??_ပြီး​တော့​ပြောလိုက်​​သေးတယ်​ ဘာ? ငါဖန်​တီးထားတာဟုတ်​လား?? _"

" အဲ့တစ်​ခုက​တော့မှန်​ပါတယ်​ အရှင့်​ရဲ့လက်​နဲ့ဖန်​တီးထားတာမဟုတ်​​ပေမဲ့ အရှင့်​ရဲ့စွမ်းအားအနည်းငယ်​ကိုထည့်​ပြီးဖန်​တီးထားတာမို့ပါ _"

" ဘာ??_"

မိမိကိုယ်​​တိုင်​​တောင်​မသိပဲနဲ့ဒီလူကမည်​သည့်​အတွက်​​ကြောင့်မိမိစွမ်းအားကိုရသွားသနည်း??

Devil System(U+Z)Where stories live. Discover now