​ဟော်ယုံ  "..."

အူ​ကြောင်ကျားအကို​​​ဟော်ယုံမှာ သူ့ရင်ဘတ်ထဲမြှား​ပေါင်း​ထောင်ချီရုတ်တရက်လာ​ရောက်ထိုးစိုက်သွားသည့်အလားခံစားလိုက်ရ၏။

သူပြုစုပျိုး​ထောင်​လာခဲ့ရတဲ့ညီ​လေးက တခြား​ယောကျာ်းတ​ဦးဆီမှာ​ကျရှုံးပျော်ဝင်​နေတာ.. ဒါကြီးကခံရခက်လိုက်တာ​နော်!

သူဟာသူ့ညီ​လေးကိုယွီချင့်ဟွမ်နဲ့​ဝေးရာ​ခေါ်သွားဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်..မဟုတ်ပါက တ​နေ့​နေ့​တချိန်ချိန်ရောက်လာရင် သူ့ညီ​လေးကတကယ်ကြီးသူ့(ချင့်ဟွမ်)အပိုင်ဖြစ်သွားနိုင်တယ်..!

​​ချောင်း​​​ခြောက်တခုဟန်လုပ်ဆိုးပြီးတဲ့​နောက် ​ဟော်ယုံမှာလာရင်းအ​ကြောင်းကိုတန်း​ပြောလိုက်​တော့၏။

"ချွီ ကျောင်းကမင်းကိုပြန်​လာဖို့​​လောနေပြီ"

​ကျောင်းမှာတစ်နှစ်ပတ်လုံးအားလပ်ရက်​မျိူးစုံရှိ​သော်လည်း ​ဟော်ချွီက​တော့တခုတ​လေမျှ ယူဖူးတယ်မရှိ​ပေ။

သူဟာအရမ်းကိုအလုပ်ကြိုးစားပြီး စည်းစနစ်လဲကျတာကြောင့် အလုပ်ရှင်​တိုင်း အလိုလား​အတောင့်တရဆုံး ငယ်သားတ​ယောက်ပုံစံမျိုးဖြစ်​ပေ၏။

​ကျောင်းအုပ်ကြီးမှာ သူအားကိုးအားထားရဆုံးဖြစ်တဲ့ ငယ်သားတ​ယောက်မှာ ​တ​နေ့တွင် 'ငါ- ပြန် -မ- လာ- ချင်- ​ဘူး' ဆိုတဲ့ပုံစံမျိုးနဲ့ အလုပ်လစ်သွားလိမ့်မယ်ဆိုတာ ယောင်လို့​တောင်မ​မျှော်လင့်ထားမိ​ပေ။

၁ရက် ၂ရက်က အို​ကေ​သေးတယ်.. ၃ရက်  ၅ ရက်​လောက်ဆိုလည်းရသေး.. ဒါ​​ပေမယ့် ခုဟာက ၁၀ရက်လား ဒါမှမဟုတ် လဝက်လား? ​ဒါဆိုရင်​​တော့သေချာ​ပေါက်နိုးပဲ​ပေါ့...!

​နောက်ဆုံး​​တော့ ကျောင်းအုပ်မှာမတက်သာ​တော့ပဲ ​ဟော်မိသားစုထံဖုန်း​ခေါ်ဆိုလာရ၏။

သူ့ရဲ့စကားတိုင်းက  lab ခန်းကြီး မကြာခင်လေဖြတ်​​တော့မည်(လုပ်ငန်း​တွေရပ်တန့်​ကုန်တော့မယ်)ဖြစ်​ကြောင်းနှင့် ဟော်ချွီအားအလုပ်ရှိရာပြန်လာ​စေချင်​နေပြီဆိုတာကို ညွှန်းဆို​​​နေတယ်!

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now