Ep 5

305 33 2
                                    

Unicode...

တဖြည်းဖြည်းညနေစောင်းအချိန်ရောက်လာတာမို့ နေအလင်းရောင်လျော့လာလေပြီ။ ထို့ကြောင့် Mew တစ်ယောက် ဒီဆိုင်မှာထိုင်နေတာတော်တော်ကြာပြီးဖြစ်တာကြောင့် ပြန်ဖို့သင့်ပြီဟု တွေးကာ ဝယ်လိုတဲ့ပစ္စည်းကို ရွေးပြီး နှစ်ယောက်လုံးကို နှုတ်ဆက်ပြန်သွားတော့သည်။

ထိုကဲ့သို့ Mew ပြန်သွားသည်နှင့် Khaung တစ်ယောက်ကတော့ ယခုမှစတွေ့တဲ့လူကို အကဲခတ်လို့ရသမျှ၊ မြင်သမျှကို ကရားရေလွှတ်သလို တန်းပြောတော့သည်။

"ဟေ့ Gulf ငါမြင်ရသလောက် ဒီလူကြီးမရိုးဘူးနော်"

"ဘာကိုလဲ။ မင်းက ဘယ်လိုထင်နေလို့လဲ"

ခေါင်းဆတ်ကာ မျက်ခုံးတန်းနှစ်ခုပါ ပင့်ပြီးပြောလာသော Khaung ရဲ့စကားကို ကျွန်တော်သေချာနားလည်သလို သိလည်းသိပါသည်။

ထိုစကားက ဘယ်ကိုသွားလို ဘယ်ထိဦးတည်နေလဲဆိုတာလည်း သဘောပေါက်သလို ကျွန်တော်ကိုယ်တိုင်လည်း ဆေးရုံမှာစတွေ့ကတည်းက ယခုသုံးကြိမ်မြောက်ထိ တွေ့ဖူးသမျှမှာ စူးစိုက်စိုက်ကြည့်နေတတ်တဲ့ CEO ရဲ့မျက်လုံးတွေထဲမှာရှိတဲ့ အရိပ်အယောင်ကိုလည်း တွေ့မြင်စရှိပါသည်။

သို့သော်ငြား သူငယ်ချင်းအရင်းကြီးဆိုပေမယ့်လည်း ငါလည်း သူ့ကိုတစ်မျိုးတော့စိတ်ဝင်စားသလိုရှိတယ်ဟု ဝန်မခံချင်သေးပါ။ ထို့ကြောင့် ဟိုဘက်က ပုံစံကိုလည်း မသိသလိုသာနေခြင်းက ပိုအဆင်ပြေသည်ဟု တွေးမိတာမို့ ထိုသို့ပြန်ပြောလိုက်ခြင်းဖြစ်သည်။

"ဟ ! ဘယ်လိုထင်ရမှာလဲကွ။ ဒီလူကြီးပုံစံက အရမ်းကြီးအကဲခတ်ရခက်တဲ့ပုံမှမဟုတ်တာ။ သေချာတယ် ဟေ့ကောင် သူ မင်းကို စိတ်ဝင်စားနေတယ်တူတယ်"

"ဟာ ယောကျ်ားချင်းကြီးကို မင်းကလည်း၊ ဘာလဲ ဟိုနှာဘူးမနဲ့ပေါင်းပြီး မင်းပါရေခံမြေခံလိုက်သွားတာလား"

ရှက်သလိုနဲ့ နားရွက်ဖျားတွေရဲတက်လာသော Gulf က အတင်းငြင်းနေတာမို့ Khaung က အရောက်ပို့တော့သည်။

"အောင်မယ် အေးပါ ပြောထား ပြောထား။ သူမင်းကို စိတ်ဝင်စားနေသလိုပဲလို့ ငါပြောတာဆိုပေမယ့် မင်းပုံစံက ခုတစ်မျိုးပဲနော်။ ရှက်နေတာမို့လား"

"အချစ်ဟူသည်"/ "အခ်စ္ဟူသည္"Where stories live. Discover now