The Fifth Day

0 0 0
                                    

ကောင်လေးနဲ့အတူရှိနေရတဲ့
နေ့ရက်တွေက တိုတောင်းလွန်းတယ်။

ကျွန်တော်သတိမထားမိချိန်မှာပဲ
သူရိန်စက်ဝန်းကြီးဟာ
အနောက်ဘက်ကို တရွေ့ရွေ့နဲ့
အချိန်တွေကို တိုက်စားလို့။

ဒီနေ့မှာတော့ နေမင်းကြီးဟာ
တိမ်ညိုတွေနောက်ပုန်းကွယ်နေတယ်။

ဝန်းကျင်တစ်ခွင်လုံး မှိုင်းညို့နေတာဖြစ်ပြီး
အလင်းရောင်ဆိုတာ မဲ့နေပေမယ့်
အုတ်အနီရောင်တွေအတိုင်းသားနဲ့
ခပ်အိုအိုအဆောက်အဦးထဲက
အဝါရောင်အခန်းငယ်လေးမှာတော့
တောက်ပတဲ့အပြုံးလေးတစ်ခုလင်းနေတာဖြစ်သည်။

ကောင်လေးက ဧရာမပန်းအိုးကြီးထဲက အပင်ကို ရေလောင်းနေသည်။

အမျိုးအမည်အတိအကျမသိပေမယ့်
အဲ့ဒီအပင်ဟာ ရှားစောင်းပင်မျိုးနွယ်တစ်ခုဖြစ်မယ်ထင်၏။

ကျွန်တော်ကတော့
အခန်းထဲအနှံ့ ဖုန်စုပ်စက်တစ်လုံးနဲ့
အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာဖြစ်သည်။

အစိမ်းရောင်ဟပ်နေသော
ကောင်လေးရဲ့မျက်လုံးလဲ့လဲ့တွေကိုတော့
တစ်ချက်တစ်ချက် ခိုးငေးဖြစ်သည်ပေါ့။

အဖိုးတန်ပစ္စည်းများများမရှိတဲ့
ဒီအခန်းငယ်ထဲ
အဲ့ဒီအပင်ကတော့ ကောင်လေးရဲ့
တန်ဖိုးထားရာတစ်ခု။

နေ့စဉ်ဂရုတစိုက်နဲ့ ကြည့်နေခဲ့တာဖြစ်သည်။

အစိမ်းရောင် ခပ်ထူထူအရွက်ပြားတွေဟာ
အဲ့ဒီအပင်ရဲ့ ပင်စည်လည်းဖြစ်သည်။
နွယ်ပင်မဟုတ်ပေမယ့်
ဘာဆေးရောင်မှ မသုတ်ထားဘဲ
မူလအဆောက်အဦးရဲ့ အုတ်နီချပ်တွေအတိုင်းရှိနေတဲ့
ဝရံတာရဲ့လေးထောင့် အုတ်တိုင်အကြီးကြီးမှာ
တွယ်တက်နေသည်။

သန်မာတဲ့ အနီရောင်အဖူးတံရှည်တွေလည်းရှိသည်။

"ကျွန်တော်က အရမ်းအနံ့မွှေးတဲ့
ပန်းတွေမကြိုက်ဖူး...
သူတို့က ကြာကြာရှူရှိုက်မိရင်
မူးဝေလာတတ်တယ်"

"အကိုသိတာပေါ့
အခန်းထဲက စားပွဲပေါ်မှာတောင်
အမြဲတမ်း
သဘာဝနှင်းဆီလေးတွေပဲ ထိုးတတ်တာ"

အဲ့ဒီနှင်းဆီက နှင်းဆီရဲ့မျိုးရင်းဖြစ်မည်။
လူသားတွေ ထပ်ဆင့်ပွားထားတဲ့ နှင်းဆီတွေလို အရောင်မရင့်ဘူး။
ပန်းရောင်ခပ်ဖျော့ဖျော့လေး ဒါပေမယ့်
သစ်လွင်တယ်။

"ချစ်ခြင်း၏ ခုနစ်ရက်တာ"Where stories live. Discover now