" ဟုတ်​ပါတယ်​ ဒါ​ပေမဲ့ ကျွန်​​တော်​အဲ့ဒါ​တွေကမတပ်​မက်​ဘူး တကယ်​ဆို အရှင့်​အနားမှာပဲ​နေချင်​တာ _"

ထိုသူသည်​စကားကိုဆိုရင်းဖြင့်​အဆုံးထိတိုင်​တိတ်​ဆိ​တ်​သွား၏..
Asteroအ​တွေးထဲတွင်​​တော့ ​ပြောင်းလဲသွားသည့်​Steven၏မျက်​ဝန်းတို့နှင့်​အ​နေအထားတို့..
ထို့ပြင်​မိမိခံစား​နေရသည်​ကထိုသူ၏ရင်းနှီးသည့်​အ​ငွေ့အသက်​တစ်​ချို့_!

ထိုအချိန်​တွင်​အ​တွေးထဲ​ရောက်​လာသည့်သူတစ်​ဦး​ကြောင့်​Organအားကြည့်​လိုက်​သည်​...ထိုအခါသူသည်​​တော့ မည်​သည်​ကိုမျှမဆို​ပဲ မိမိကိုသာကြည့်​ရင်းမိမိအ​ဖြေအား​စောင့်​စား​နေ​လေဟန်​..

" ဒါဖြင့်​လဲ ဒါကမင်းသ​ဘောပဲ မင်းရဲ့​ရွေးချယ်​မှုအတွက်​​နောင်​တမရဖို့​မျှော်​လင့်​ပါတယ်​ _"

" ​ကျေးဇူးတင်​ပါတယ်​အရှင်​ _"

Asteroစိတ်​ထဲမှOrganအား​ပြောလိုက်​၏..

'မင်းရဲ့အ​တွေးကဘာကိုဆိုလိုချင်​​နေတာလဲ Organဒါအတွက်​က​ရောမင်းရဲ့အ​ဖြေပဲလား_?´

ထိုအခါတွင်​ထိုသူသည်​​တော့ဘာကိုမျှမဆိုပဲ တိတ်​ဆိတ်​​နေသည့်​Stevenအားအပြုံးဖြင့်​ကြည့်​လိုက်​၏.....

...................................................

Lucas မျက်​ဝန်း​ရှေ့တွင်​လှုပ်​ရှား​နေသည့်​အမျိုးမျိုး​သောပုံရိပ်​တို့ထဲတွင်​မျက်​ဝန်းအပြာ​ရောင်​ဖြင့်​​ကောင်​​လေးသည်​ မိမိအားမုန်းတီး​နေသည့်​အကြည့်​တို့ဖြင့်​မိမိအားနာကျဉ်းစွာကြည့်​​နေ၏..ထို့ပြင်​ သူ၏မျက်​ဝန်းတို့တွင်​​ ဝဲခို​နေသည့်​မျက်​ရည်​တို့ကစီးကျလာပြီး​နောက်​တွင်​​တော့ မယုံကြည်​နိုင်​သည့်​အလိမ်​ခံခဲ့ရသည့်​ ထို့ပြင်​လွမ်း​မောမှုတို့ပြည့်​​နေသည့်မျက်​ဝန်းတို့အဖြစ်​​ပြောင်းသွား၏..!

Lucas တစ်​စုံတစ်​ဦး၏တည်​ရှိမှုကိုခံစားရပြီး​နောက်​တွင်​​တော့ ထိုသူရှိမည့်​​နေရာကိုကြည့်​၍မဲ့ပြုံးပြုံးလိုက်​၏..ထျု့​နောက်​​တော့ငိပ်​မကြာခင်​တွင်​အနက်​​ရောင်​အရိပ်​တစ်​ခုက​ပေါ်လာ၏_!

Devil System(U+Z)Where stories live. Discover now