⛔Ep-31⛔

13.5K 936 82
                                    

Unicode ✅

-My Omega is sugar baby-

အပြင်မှာရွာနေတဲ့ မိုးစက်ကလေးတွေအား အကြောင်းမဲ့သက်သက် ငေးကြည့်နေမိသည်။ တစက်ပြီးတစက် မှန်ပြတင်းပေါက်ကနေတဆင့် မျက်နှာပေါ်ကိုကျရောက်လာတိုင်း သူသုတ်ဖို့ပင်သတိမရခဲ့ ရိုက်ခတ်နေတဲ့ မိုးစက်တွေကြား အချိန်ကြာကြီးထိုင်နေမိသည်။

တကယ်ပဲ အရာအားလုံးကပြီးသွားလေပြီလား။ သူဟာတသက်လုံး ဒီလူသားရဲ့အရိပ်အောက်မှာ သေတဲ့အထိအနှိမ့်စက်ခံနေရတော့မလား။ အခုတော့သူ့မှာဘာမှမရှိတော့။ ဘယ်ဟုတ်မလဲ။ အစထဲကသူ့မှဘာတခုမှမရှိခဲ့တာ။ သူများပိုင်တာတွေကို သူလုယူခဲ့လို့ အခုပြန်ပေးဆပ်လိုက်ရတာပဲ သိပ်တော့မထူးဆန်းချေ။

သို့သော်လည်း သူ့ခံခဲ့ရတဲ့အရာတွေတော့ မည်သူတဦးတယောက်မှမသိခဲ့။ အခုချိန်မှာမှလည်း သူဘယ်သူ့ကိုမှထုတ်မပြောချင်တော့။ အရာအားလုံးပြီးသွားခဲ့ပြီပဲ။ သူ့ဘ၀ကလည်း ရှင်လျှက်နဲ့သေနေခဲ့ပြီပဲ။ သူဘာတက်နိုင်သေးလဲ။ ဘယ်မှာလဲသူ့အတွက်တရားမျှတမှု။ ကံတရားကဘက်လိုက်လွန်းလေသလား။

ဒီပွဲမှာသူကတော့ ကျိန်းသေပေါက် ရှုံ့နိမ့်တဲ့သူဆိုပါတော့။ မထိုက်တန်လိုက်တာ။

*ဂျလောက်*

နားထဲကြားရတဲ့ တံခါးဖွင့်သံကြောင့် သူမျက်ဝန်းတွေမှိတ်ချပြီး အသက်အားခပ်ပြင်း"ရှူထုတ်လိုက်သည်။ မကြာခင် သူငရဲခန်းဝင်ရတော့မှာ သူသိပြီးသားမို့ပင်။ နှာခေါင်းထဲတိုးဝင်လာတဲ့ အရက်နံ့တွေကြောင့် ဒီနေ့လည်း သောက်လာပြန်ပြီထင်ပါရဲ့။ ဘယ်အရာကများ ဖြူစင်တဲ့ကလေးအပေါ် အရောင်ဆိုးလိုက်သလဲ။ ငါမင်းကိုတကယ် နားမလည်နိုင်တော့ဘူးရှိုင်းငယ်ရယ်။

"Hk! ခင်ဗျားအရုပ်လေးကိုသတိနေရတာလား"

မူး"ရူး"နဲ့ သူ့ဘေးကိုရောက်လာကာ သူ့ပုခုံးအားတင်းနေအောင် ကိုင်ထားရင်းထိုစကားကိုမေးသည်။ အရုပ်လေးကို သတိရနေတာလားတဲ့။ သတိမရဘူးလို့ပြောရင် ကိုယ်လိမ်ရာကျမှာပေါ့။ သတိရပါတယ်လို့ ထုတ်ပြောရင်လည်း မင်းဒေါသကိုဆွနေသလိုဖြစ်မယ်မဟုတ်လား။

 -𝖬𝗒 𝖮𝗆𝖾𝗀𝖺 𝖨𝗌 𝖲𝗎𝗀𝖺𝗋 𝖡𝖺𝖻𝗒- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now