🍂Ep-27🍂

10.5K 1K 137
                                    

Unicode ✅

-My Omega is sugar baby-

ရာသီတွေ အလီလီပြောင်းလေပြီ။ ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေတောင်ဝေလေပြီ။ အချိန်တွေကုန်တာမြန်လိုက်တာ။ အရာအားလုံးဟာ မနေ့တနေ့ကလိုပါပဲလား။ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တိုင်းဟာလည်း ရင်နာစရာတွေသာ။

"ဟန်နီ"

"ဟင်...ဒါလင်"

"အဆင်သင့်ဖြစ်ပြီ သွားရအောင်"

"ကျွန်တော်...ကျွန်တော်ရင်တွေခုန်နေတယ်"

ဒါလင်ကသူ့ရဲ့လက်ကိုယူကာ တချက်နမ်းလေတယ်။ ပြီးတာနှင့် အဆင်ပြေသွားမည်ဖြစ်ကြောင်း၊ အကောင်းဆုံးရလဒ်ကိုတွေးထားဆိုပြီး ပြောရှာလေသည်။ ဒီလိုနှင့် သူတို့နှစ်ယောက်လည်း အဖေတို့ရှိရာနေရာကိုထွက်လာလိုက်သည်။ တလမ်းလုံးသူစိတ်တွေမတည်မငြိမ်ဖြစ်နေခဲ့သလို။ လက်တခုလုံးအေးစက်နေခဲ့သည်မှာ သူကလွဲရင်မည်သူမှမသိနိုင်။

အဖေတို့ရှိရာကိုရောက်တဲ့အချိန် အဖေကသူ့ကိုမြင်တော့ ပြေးဖက်လေသည်။ ဒီလိုချိန်မှာလည်း အဖေလုပ်သူကို ခါးခါးသီးသီး မတွန်းထုတ်ရက်နိုင်သလို ပြန်ပြီးနှစ်သိမ့်ပေးချင်တဲ့စိတ်ကလေးဖြစ်နေမိသည်။ ဒါလင်ကိုလှမ်းကြည့်တော့လည်း သူ့အားခေါင်းငြိမ့်ပြတာမို့ ဖခင်ရဲ့ကျောပြင်အား အသာယာပွတ်သတ်ပေးရင်း နှစ်သိမ့်ပေးမိတော့သည်။

ဒီတကြိမ်မှာတော့ အမုန်းတွေခဏဖယ်ထားရအောင် ဖေဖေ။

"သားငယ်လေး အဖေ..အဖေကြောက်နေတယ်"

အဖေသည်သူ့ရဲ့လက်ကိုကိုင်ကာ ငိုနေခဲ့လေသည်။ ပြောလိုက်ချင်ပါရဲ့။ ဒါတွေအားလုံးက အဖေ့ကြောင့်ဖြစ်လာတာမဟုတ်ဘူးလားလို့။ သို့သော်လည်း ဝမ်းနည်းနေတဲ့သူကို ထပ်ပြီးအပြစ်မတင်ချင်တော့။ ရှိပါစေတော့လေ။

"အဆင်ပြေသွားမှာပါ"

"အဖေ...အဖေတောင်းပန်ပါတယ် သားငယ်လေးရယ်"

"ဟင့်အင်း အဖေတောင်းပန်သင့်တာ ကျွန်တော်ကိုမဟုတ်ဘူးအဖေ၊ ကိုကို့ကိုတောင်းပန်သင့်တာ"

"အဖေတောင်းပန်မှာပါ၊ သားကြီးကျေနပ်တဲ့အထိ အဖေတောင်းပန်မှာပါသားငယ်လေးရယ်"

 -𝖬𝗒 𝖮𝗆𝖾𝗀𝖺 𝖨𝗌 𝖲𝗎𝗀𝖺𝗋 𝖡𝖺𝖻𝗒- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now