Start from the beginning
ယခင်ကတည်းက ရုပ်ဆိုးဆိုးမြွေမှာ စုတ်ပြတ်သပ်ကာ ပို၍ပင်ရုပ်ဆိုးသွားလေသည်။
သူတို့ပင်သတိမထားမိပဲ ဆယ့်ရှစ်ကြိမ်မြောက်မိုးကြိုး အပစ်ခံလိုက်ရပြီး တိမ်တိုက်ထုကလည်း ကြီးမားကာ ပျောက်ကွယ်မည့်ပုံမပေါ်သေးချေ။ သို့သော် ဆယ့်ကိုးကြိမ်မြောက် မိုးကြိုးကမကျဆင်းသေးပဲ တိမ်အမည်းထုထဲတွင် စုစည်းနေလေ၍ ရှုရှုတို့နှစ်ဦးသား ခေတ္တခဏ အနားရသွားလေသည်။
 အက်ဂါက ထိုအချိန်လေးကိုအသုံးချကာ ဒဏ်ရာများပြန်ကောင်းအောင်လုပ်နေ၏။ တစ်ချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်၏။ ထိုအခါမှ ကောင်းကင်တွင် လေယာဥ်ပျံများ ဟိုပျံ၊သည်ပျံလုပ်နေကြောင်း တွေ့လိုက်ရ၏။ ထိုလေယာဥ်ပျံများက တိမ်အမည်းကြီးအား ဖြိုခွင်းရန် ပစ်ခတ်နေ၏။ သို့သော်လည်း ထိုသို့ဖြိုခွင်းမှုကသိသိသာသာပင် အသုံးမဝင်ချေ။
 ထိုမိုးကြိုးတိမ်ထုက သာမန်မဟုတ်ပေ။
အက်ဂါ၏ ကျင့်ကြံသည့်နှုန်းက အလွန်မြန်ဆန်၏။ ယခု ဘေးပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်စွမ်းအင်များကလည်း ပေါများလှသည်ဖြစ်၍ မိုးကြိုးဒဏ်ခံယူစဥ်က ကုန်ဆုံးသွားခဲ့သော စွမ်းအားများအား အကုန်အပြည့်ဖြည့်နိုင်သွားလေသည်။
ထိုအချိန်တွင် တိမ်အမည်းထုကြားတွင်ဖွဲ့စည်းနေသော မိုးကြိုးချောင်းကြီးက အရောင်တလက်လက်ဖြင့် ပစ်ချတော့အံ့ဆဲဆဲဖြစ်နေလေသည်။
........⚡⚡⚡⚡⚡..........
ဖိအား၏အပြင်ဘက်မှ သားရဲလူသားတိုင်း သေးငယ်မသွားသည့်အပြင် ပို၍ပင်ကြီးမားလာသော မိုးကြိုးကြီးအား ကြောင်ကြည့်နေမိကြ၏။ သူတို့အားလုံး ပါးစပ်ဟောင်းလောင်းဖြင့် ထိုတိမ်တိုက်ကြီးအကြောင်း မခန့်မှန်းနိုင်ဖြစ်နေကြ၏။.
မိုးကြိုးတိမ်တိုက်က တကယ်ကြီးယုတ်မာတယ်ဟ။ ပြီးတော့ အကြာကြီးနဲ့ မြွေသားရဲကိုပဲ မဆုတ်မနစ်ပစ်ခတ်နေတယ်!!!
သူတို့တွင် တိမ်အမည်းထုကြီးနှင့် မိုးကြိုးကိုလွှဲရန်နည်းလမ်းအနည်းငယ်ရှိလေသည်။ လေယာဥ်နှစ်စင်းက ကောင်းကင်ပေါ်ပျံဝဲကာ တိမ်ထုကြီးအား ပစ်ခတ်ပြိုခွင့်ခဲ့သော်လည်း အရာမဝင်ပေ။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now