"ကိုကြီး လင်းရာကို နှိုးလိုက်ပါ့လား။ ကျွန်တော်နှိုးပေးရမလား"
"ရတယ် ရတယ် သာထူး။ မနှိုးတော့ဘူး။ ဘေဘီ အိပ်ပါစေ"
"ဟုတ်"
ကလေးတွေအားလုံး အခန်းထဲကို ကိုယ်စီကိုယ်စီ ဝင်သွားကြပေမယ့် စစ်ပိုင်ကတော့ ဧည့်ခန်းမှာ ထိုင်နေမိတုန်းပင်။ လှုပ်လိုက်လျှင်လည်း ဘေဘီနိုးသွားမှာကို စိုးရိမ်မိသဖြင့် မလှုပ်ရဲဘဲ ဒီတိုင်းလေး ထိုင်နေခဲ့လိုက်သည်။ အချိန်တော်တော်ကြာတော့မှ ဘေဘီ့ကို ပွေ့ချီပြီး အခန်းထဲကို ခေါ်လာခဲ့လိုက်သည်။ အခန်းထဲရောက်လို့ အိပ်ရာပေါ်ကို ချပေးလိုက်တဲ့အထိ အိပ်ပျော်နေဆဲပင်။
ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးကို ငေးကြည့်ရင်း အိပ်မပျော်နိုင်ဖြစ်ခဲ့ရသည်။ ဘေဘီ့အတွက် ကျွန်တော် ကြိုးစားရတော့မည်။ ပင်ပန်းမယ် ဆိုရင်တောင် ရှေ့ဆက်လျှောက်ရမှာပေါ့။ ဘေဘီက ကျွန်တော့်ဘဝအတွက် အရေးပါလွန်းသည် မဟုတ်လား။
အိပ်ပျော်နေတဲ့ ဘေဘီ့ရဲ့ နဖူးလေးကို မြတ်နိုးလွန်းစွာဖြင့် အနမ်းလေးတစ်ချက်ပေးရင်း ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားလိုက်ပြီး မှေးစက်ကာ အိပ်လိုက်သည်။ ဘေဘီနဲ့ အိပ်စက်ခွင့်ရတဲ့ ဒီညလေးကိုတော့ အလှဆုံးအိပ်မက်လေး မက်ပါရစေ။
မနက်မိုးလင်းတဲ့အထိ မျက်လုံးမဖွင့်နိုင်သေးပေမယ့် ဖုန်းသံကြောင့် မထချင်လည်း ထရတော့မည်။ ဒါပေမဲ့ ဖုန်း Ringtone သံက ကိုယ့်ဖုန်းက လာတာမဟုတ်ဘဲ ဘေဘီ့ဖုန်းက ဖြစ်နေပေသည်။
"ဘေဘီ"
"အင်"
လက်မောင်းပေါ်ခေါင်းအုံးပြီး ဝမ်းလျားမှောက်လေးအိပ်ပျော်နေတဲ့ကလေးက နှိုးလိုက်တော့မှ ကိုယ့်ဘက်ကို လှည့်လာကာ လူပေါ်ကို ခြေထောက်လေးတစ်ဖက် ပစ်တင်ပြီး ခွဖက်ထားလေသည်။
"ဖုန်းလာနေတယ် ဘေဘီ"
"အင်း"
"မမားဖြစ်နေမယ်နော် ကလေးလေး ဖုန်းကိုင်လိုက်ဦး"
"ဟုတ်"
အိပ်ချင်စုံမွှားလေးနဲ့ မျက်လုံးလေးပွတ်ကာ ဖုန်းထကိုင်တဲ့ကလေးကိုကြည့်ပြီး တကယ်ကို ချစ်မဝပေ။ လူတစ်ယောက်ရဲ့ အလှဆုံးအချိန်က အိပ်ရာထချိန်ဆိုတာကို ကိုယ်ဟာ ဘေဘီနဲ့မှ ယုံတတ်ခဲ့ပြီလေ။ ဆံပင်လေးတွေပွနေပြီး မပွင့်သည့် မျက်လုံးလေးကိုပွတ်ကာ ဖုန်းပြောနေသည့် ကလေးက ကိုယ့်အတွက်တော့ ကြည့်လို့မဝတဲ့ မြတ်နိုးရာ မနက်ခင်းအလှလေးပါ။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။
Part 43 (U+Z)
Start from the beginning