အဘိုးလက်ထက်က အမွေ လို့ထင်ရအောင်အရောင်စုတ်နေတဲ့
သူ့လွယ်အိတ်လေးက အပြဲသားနဲ့ အတော်လေးမပေါင်းဖက်သင့်ကြောင်းဟန်ရေးပြပြနေတော့
နောင့်ဟာအတော်လေးကြည့်ရဆိုးတဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်

မှင်သက်စရာ ကြွေရောင်အောက်ခံရှပ်အရှည်နဲ့ တောက်ပြောင်နေသောနက်ပြာကုတ်အပေါ်ထပ် ​ကျောင်း uniformကိုဝတ်ထားတာတောင် ပိုလို့မလိုက်မဖက်သာဖြစ်လို့သွားရဲ့

Crystalတို့အလယ်က ကျောက်စရစ်ခဲပမာ ကွဲပြားနေတဲ့သူ့ကိုတစ်လှည့်

မွဲမွဲအိတ်ကိုဆွဲဖြဲကြည့်မဲ့ပမာ
သိသိသာသာ ရော မသိမသာပါဘုရှိုး လှမ်းသွားသည့်မျက်လုံးများ..

သောက်ဂရုတော့မစိုက်ပါ..

သူတို့ထက်စာတော်လို့ scholarအပြင် ထပ်ဖြေရသောRollခွဲစာမေးပွဲကိုပါ တစ်ကျောင်းလုံးကိုRoll.1နဲ့ဝင်လာတာ..လေ..

မေမေကတော့ သူရထားပေါ်မတတ်ခင်အထိ မော်တာစက်လူသားပမာ တဖွဖွမှာရှာသည်..၊

" နောင် သားလေး လက်ယားတိုင်း ထထမထိုးရဘူးနော်
သူငယ်ချင်းအသစ်တွေလည်းထားတဲ့''

မေမေပြောလည်းပြောစရာ..

ငယ်ငယ်ကတော့တအားကြောက်တတ်တယ်ပြောကြတာပဲ..
အဘိုးရော မေမေရော ဖေဖေရောသုံးယောက်ပေါင်းပြီး.သူ့ကိုသူရဲကောင်းပုံပြင်တွေပြောလိုက်
တစ်ကိုယ်တော်ရွက်လွှင့်တဲ့ ဘာမထီသိုင်းသမားကားတွေပြလိုက်နဲ့ဆိုတော့

သွေးတွေကြွပြီး အနိုင်ကျင့်တတ်တဲ့သူတွေကို ပြန်ပြန်ခံချတတ်လာသည်..။
နောက်တော့ကိုယ်ကဦးအောင်ချ..

တဖြည်းဖြည်းနဲ့ရန်စပြီးကိုချ..
စိတ်မထင်ရင်မထင်သလိုပါ ထထပွဲကြမ်းတော့ အိမ်ကလူတွေပါပြန်တားရတဲ့အဆင့်ဖြစ်လာပြီးအခုအိမ်ကလူတွေပါသူ့ကိုမနိုင်တော့ပါလေ..။

ကြံဖန်ပြီးပါရမီပါလာလို့ သူစာလုပ်ရတာကြိုက်ခဲ့သလို မြို့လေးကနေဖြေခဲ့တဲ့စာမေးပွဲကနေ
ဒီထိပ်တန်းကျောင်းကထုတ်သော Scholarship ကိုပါ Roll 1နဲ့ရောက်သည်အထိသူ့ညဏ်ကမယုံနိုင်စရာကောင်းအောင်ပြေးသည်..၊.။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now