ချက်ချင်းဆိုသလို သူ့အားဖက်လာပြီး ရင်ဘတ်ပေါ်မျက်နှာအပ်ထားတဲ့ ဟန်နီကြောင့် သူပြုံးရင်းရင်ခွင်ထဲက ဆံနွယ်နုနုလေးတွေကိုတချက်နမ်းလိုက်သည်။ ပြီးတာနှင့် စာအုပ်တွေဆက်ပြီးစစ်နေလိုက်သည်။ သူစာအုပ်တွေအပြီးစစ်မှ ကလေးတွေစာကြည့်လို့ရမှာဖြစ်မည်။ စာမေးပွဲကလည်းသိပ်မလိုတော့တာကြောင့် ကလေးတွေစာကြည့်လို့ရအောင် သူ့အမြန်စစ်ဆေးပေးနေခြင်းပင်။

စစ်ဖို့စာအုပ်ကလည်း နောက်ထပ်၂အုပ်သာကျန်တော့တာမို့ ပေါင်ပေါ်ကဟန်နီပေါက်လေးကိုတော့ ခဏလွှတ်ထားမိသည်။ ဟန်နီပေါက်လေးကလည်း နောက်ပိုင်းလိမ်မာလာတာမို့ သူ့အားပြဿနာရှာရစ်တာမျိုးမလုပ်ပဲ သူပေါင်ပေါ်မှာ ငြိမ်ငြိမ်ကလေးထိုင်နေရှာသည်။

အခုလိုကျတော့ လိမ်မာပြီးချစ်စရာကောင်းလွန်းတဲ့ ဟန်နီပေါက်လေးပါလား။

စာအုပ်တွေအားစစ်ရင်း ခဏကြာတော့ စစ်စရာစာအုပ်ကုန်လေပြီ။ ဒီတော့စာအုပ်တွေအား သေချာထပ်ကာ ခုံပေါ်မှာတင်ထားလိုက်ပြီး ရင်ခွင်ထဲကဟန်နီပေါက်လေးကို သတိရတော့သည်။ ဒီကလေးဒီတခါတကယ်ကိုငြိမ်နေတာ။ အခါတိုင်းဆိုရင်တောင် ပြဿနာတခုပြီးတခု ထရှာသည့်တဲ့ဂျစ်တူးလေးမဟုတ်လား။

"ဟန်နီ"

"ပြီးပြီလား ဒါလင်"

"မော့ပါအုံး ကိုယ့်ရဲ့အမောပြေ ရွှေရင်အေးမျက်နှာလေးကို ကြည့်ချင်လို့"

သူ့စကားကြောင့် ရင်ခွင်ထဲကနေထွက်ပေါ်လာတဲ့ မျက်နှာလေးက အနည်းငယ်စူပုတ်"လေး။ ထင်တော့ထင်သား သူ့ဟန်နီပေါက်လေး အနည်းနှင့်အများတော့ စိတ်ကောက်နေမယ်ဆိုတာ။ သူထင်ထားသလိုပါပဲ။

-mwh-

ဟန်နီပေါက်ရဲ့ပါးပြင်အား နှာခေါင်းတွေနစ်ဝင်တဲ့အထိ တချက်နမ်းလိုက်တော့မှ အားအင်အသစ်တွေရလိုက်သလို။

"အမေပြောတဲ့ အမောပြေရွှေရင်အေးလေး"

"အပိုတွေ"

"တကယ်ပါဆို၊ ဟန်နီပေါက်ကဒီတခါငြိမ်လို့ပါလား၊ လိမ်မာလာတယ်ပေါ့လေ"

နှာခေါင်းအားအသာလေးဆွဲညှစ်ပြီး ပြောလိုက်တော့ သူ့ရင်ဘက်ပေါ်မေးထောက်ကာ သူ့အားခပ်ဆွေးဆွေး ငေးကြည့်လာလေရဲ့။

 -𝖬𝗒 𝖮𝗆𝖾𝗀𝖺 𝖨𝗌 𝖲𝗎𝗀𝖺𝗋 𝖡𝖺𝖻𝗒- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now