ဤ​လောကတွင်​နတ်​ဘုရားအတူတူနှစ်​ပါးထွက်​​ပေါ်ခဲ့လျှင်​မူရင်းဖြ်း​တည်​မှုနတ်​ဘုရားသည်​ပါ ထိုနတ်​ဘုရားနှင့်​စမ်းသပ်​ခံဘဝကိုသွားရမည်​......အကယ်​၍မိမိသာမသွားခဲ့ပါလျှင်​ သို့မဟုတ်​​နောက်​လာမည့်​နတ်​ဘုကားသာ​သေဆုံးခဲ့ပါလျှင်​ မိမိ၏ကံကြမ္မာသည်​​ပြောင်းလဲနိုင်​​ပေမည်​!_

Ameliaနှုတ်​ခမ်းထက်​တွင်​​တော့​ကျေနပ်​သည့်​အပြုံးတစ်​ခု​က​ပေါ်လာပြီး​နောက်​ မိမိအားထိန်း​ပေးထားသည့်​မိမိကိုယ်​ပွားကိုသာပြန်​ကြည့်​လိုက်​သည်​..

" နင်​ဖြစ်​တည်​လာတာအ​ကြောင်းမဲ့မဟုတ်​ဘူးပဲLinda _"

သူမသည်​တိုးညှင်းစွာဆိုပြီး​နောက်​ခန္ဓာကိုယ်​အားပြန်​မတ်​ကာ ထိုင်​လိုက်​၏..

.............................................

" မင်းအခွင့်​အ​ရေးတစ်​ခု​လောက်​ရချင်​လား?_"

" အခွင့်​အ​ရေးလား?;"

မှောင်​မိုက်​​နေသည့်​​နေရာကို​လျောက်​​နေရင်းမှAsteroမိမိ​ရှေ့ရာက်​​နေသည့်​အလင်းတန်းနှင့်​လက်​တစ်​စုံအားလှမ်းလိုက်​သည်​....

သေချာတာ​ပေါ့မိမိအခွင့်​အ​ရေးလိုချင်​တယ်​! မိမိအားလက်​ကမ်း​ပေးသည့်​သူမသည်​မည်​သူမှန်းမသိ...ချိုသာသည့်​အသံကသူမမည်​မျှလှပ​ကြောင်း​ဖော်​ပြ​ပေး​နေသ​ယောင်​..

Asteroမျက်​လုံးတို့ဖွင့်​လိုက်​ပြီး​နောက်​​အေးစက်​သည့်​ခံစားမှုနှင့်​မိမိ​ရောက်​​နေသည့်​​နေရာသည်​အလင်းမရှိသည့်​​နေရာဆိုတာသိရ၏..သို့​သော်​လည်းအရှူံးမ​ပေးပဲ​တွေ့နိုင်​မည့်​တံခါး​ပေါက်​ဆီကိုသာလှမ်း​နေ၏.....သို့​သော်​လည်း အသက်​ရှူကျပ်​လာသည့်​အထိ​လျောက်​လှမ်း​နေပါ​သော်​လည်း တစ်​ကိယ်​လုံးသည်​​အေးစက်​​နေပါ​သော်​လည်း မိမိအားကူညီသည့်​သူတစ်​ဦးမျှမရှိသည့်​အပြင်​ ထွက်​​ပေါက်​သည်​လည်းမ​တွေ့​ချေ....

အရှူံး​ပေးရန်​ပြင်​လိုက်​သည့်​အချိန်​တွင်​​တော့ချိုသာသည့်​အသံတစ်​ခုမိမိအားအခွင့်​အ​ရေး​ပေးရန်​ဆိုလာသည်​..ထို့​နောက်​​တော့လက်​တစ်​စုံမိမိ​ရှေ့​ပေါ်လာသည်​..Asteroထိုလက်​အားဖမ်းဆွဲလိုက်​သည်​...ထိုသူ​ပေးမည့်​အခွင့်​အ​ရေးသည်​မည်​သည်​မျဎ်းမိမိမသိ​သော်​လည်း အနည်းဆုံး​တော့ ဤ​နေရာမှမိမိလွှတ်​​မြောက်​နိုင်​​ပေမည်​..!

Devil System(U+Z)Where stories live. Discover now