unicode

2.7K 168 14
                                    

(01)
စစ်တပ်ရဲ့တတိယမြောက် တပ်ရင်းမှူးကြီးက
လင်းအန်ရဲ့အရိပ်ကို ကျွန်တော့်ဘေးနားက နေရာလေးမှာ
ရံဖန်ရံခါ ရှာနေလေ့ရှိတယ် ။

တခါတလေ မျက်လုံးတွေကို မှိတ်လိုက်တဲ့အခါမှာဆိုရင်
ကျွန်တော့်ရဲ့ အ‌တွေးတွေထဲမှာ သူ့ရဲ့ပုံရိပ်က
နက်နက်နဲနဲ ပေါ်လာတယ်။

သူက ကျွန်တော့်ထက် အရပ်၃စင်တီမီတာ ပိုရှည်ပြီး
တော်တော်လေးလဲ ပိန်တယ် ။ သူ့ရဲ့စစ်တပ် ယူနီဖောင်းကို
ဝတ်ထားတာဖြစ်စေ ဒါမှမဟုတ် လေကာအင်္ကျီကို ဝတ်ထားတာဖြစ်စေ သူကအမြဲတမ်း ကြည့်ကောင်းနေရော။ သူက
ပြုံးခဲတာကြောင့် သူ့ရဲ့ခန့်ညားတဲ့ မျက်နှာလေးက‌တော့
အလဟသဖြစ်သွားတာပေါ့။

တည်ကြည်တယ် လေးနက်တယ် စည်းကမ်းရှိတယ်။
ဒါတွေက သူ့ကိုစတွေ့တုန်းက ကျွန်တော့်ရဲ့
ထင်မြင်ချက်တွေပေါ့ဗျာ။

အဲ့ဒါတွေကြောင့်ပဲ  ကျွန်တော်ချက်ချင်းလှည့်ပြီး အလေးပြုရင်း စကားပြောခဲ့တယ်
" တပ်မှူး ကျွန်တော် ပါတနာလဲ‌ဖို့ တောင်းဆိုချင်ပါတယ် "

အမှန်အတိုင်းပြောရရင် ကျွန်တော့်အတွက် ပါတနာ လိုတယ်လို့ရယ်လဲ မဟုတ်ဘူး။ ကျွန်တော့်မှာ ဓာတ်ပုံရိုက်ထားသလို မှတ်သားနိုင်တဲ့ မှတ်ဉာဏ်ပိုင်ဆိုင်ထားတယ်။ ကျွန်တော်မြင်ခဲ့တဲ့ အရာတွေအားလုံးကို ဘယ်တုန်းကမှ မေ့ခဲ့တာမဟုတ်ဘူး။ မြို့တစ်မြို့လုံးရဲ့ မြေပုံကိုတောင်မှ ရှင်းရှင်းလင်းလင်း မှတ်မိပြီး ပြန်ပြောပြနိုင်တယ်။ ကျွန်တော့်မှာ အင်မတန်မှကောင်းတဲ့ လျင်မြန်စွာ တွက်ချက်နိုင်တဲ့ အရည်အချင်းလဲရှိသေးတယ်။ တစ်ခြားသူတွေ စာရွက်ပေါ်မှာ ဂဏန်းတွေ တွက်ချက်နေတုန်းမှာပဲ ကျွန်တော်ကအဖြေကိုရလို့ ပြန်တောင်အိပ်နေပြီ။

ကျွန်တော့်မှာရွေးချယ်ခွင့် တစ်ကယ်မရှိခဲ့ဘူးဆိုပေမယ့် ပါတနာတစ်ယောက်ရှိရင် လိုက်နာရမယ့်မူဝါဒတွေကို လိုက်နာရမယ်ဆိုရင်တောင်မှ အဲ့ဒီလူက ကိုယ့်ကို မျက်နှာသာပေးပြီး ကိုယ်နဲ့အတူလိုက်သောက်ပေးနိုင်မယ့်သူ ဖြစ်ဖို့တစ်ခုပဲ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့လည်း လင်းအန်က ကျွန်တော့်ရဲ့ အရက်နဲ့ပတ်သတ်ပြီး ကွယ်ဝှက်ထားတာတွေကို မိအောင်ဖမ်းမယ့် လူစားမျိုးဖြစ်ပြီး ကျွန်တော်တို့ရဲ့ အထက်လူကြီးတွေဆီကိုတောင် သူကအစီရင်ခံစာ တင်လိုက်သေးတယ်။

ချို့ယွင်းချက် (ဘာသာပြန်)    <Complete>Where stories live. Discover now