'' မမလေး သခင်လေးမိုက မြို့တော်ရောက် တဲ့အထိ ကျွန်မတို့ကိုလိုက်စောင့်ရှောက်ပေး ခဲ့တာ။ သူ့ကိုကျေးဇူးတင်ရမယ် မဟုတ်ရင်
တခြားသူတွေက ယွင်မိသားစုကကျင့်ဝတ်လည်းမရှိဘူးလို့ အပြစ်တင်ကြလိမ့်မယ် ''
မားမားလင်ကမြင်းလှည်းရဲ့ဘေးကနေ လင်းရွှမ်ကိုဂရုတစိုက်နဲ့သတိပေးသည်။ သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာတော့ သူတစ်ယောက်တည်းပဲသိလိမ့်မယ်။

မြင်းလှည်းလိုက်ကာရဲ့အပြင်က မတ်တပ်ရပ်နေသည့်အရိပ်ကိုကြည့်ရင်း လင်းရွှမ်အေးစက်စွာပြုံးလိုက်ပြီး တိုးညှင်းစွာပြောလိုက်တယ်။ '' ကောင်းပြီ! '' သူ့အသံက အနိမ့်မ့်အမြင့်အတက်အကျမရှိလို့
သူပျော်နေလား မပျော်ဘူးလားဆိုတာကို  ဘယ်သူမှမပြောနိုင်ဘူး။

ခရီးအမြန်နှင်လာခဲ့တာကြောင့် ယွင်မိသားစု၏အိမ်ပေါက်ဝလဲရောက်ရော
လင်းရွှမ်အလွန်ခြေကုန်လက်ပန်းကျနေပြီ။

သို့သော် သူမမော့ကြည့်လိုက်တော့ ကျောက်ပြားပေါ်မှာထွင်းထားတဲ့ 'ယွင်မိသားစု(ဒုတိယမြောက်) ကို မြင်လိုက်ရတဲ့အခါ သူမ့မျက်လုံးတွေနီရဲလာခဲ့သည်။

နန်း​မြို့တော်မှာ ယွင်မိသားစုကအိမ်တော်နှစ်ခု ရှိတာကို မသိတဲ့လူမရှိဘူး။ ပထမတစ်ခုက
ယွင်မိသားစုရဲ့အကြီးအကဲတွေ ၊တိုက်ရိုက်မိသားစုဝင်တွေအားလုံးနေထိုင်တဲ့ 'ယွင်အိမ်တော်' ဖြစ်ပြီး နောက်တစ်ခုက သူမမိဘတွေရဲ့အိမ်တော်ပဲ။ အိမ်တော်နှစ်ခုလုံးက
နန်းမြို့တော်မှာကျော်ကြားတယ်။

'' မမ '' ဘေးဘက်ကထွက်ပေါ်လာတဲ့အသံက
လင်းရွှမ်ရဲ့စိတ်အာရုံကိုပြန်ဆွဲခေါ်လိုက်တယ်။ အသံလာရာဖက်ကို ကြည့်လိုက်တော့
ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူရဲ့ချစ်စရာညီမလေး
ယွင်လင်းယန်ကိုတွေ့လိုက်တယ်။ ငိုထားတာကြောင့် သူ့မျက်လုံးကနီရဲပြီးမို့အစ်နေကာ အလွန်သနားချင်စဖွယ်ကောင်းသည်။

______________________________________

Zawgyi

Ch-8 ဘေးဒုက္ခကိုကျော်လွှားဖို့ ငွေအဆုံးခံရခြင်း

မမလေးပြောတာကို မားမားလင်ကြားလိုက်
ရတဲ့အခါမှာတော့ ငိုချင်သလိုတောင်ဖြစ်သွားတယ်။ သူမကျန်းနန်ကယူလာတဲ့
ပစ္စည်းတွေအကုန်လုံးကို အဲ့အထုတ်ထဲမှာ
ထည့်ထားတာ။ အဲ့ဒါတွေကိုဓားပြတွေဆီ
ပေးလိုက်ရရင် သူ့မှာဘာမှမကျန်တော့ဘူး။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now