အရင်ဘဝက ဖြစ်ခဲ့တဲ့ကိစ္စတွေက ဖြစ်မလာဘူး။ ဝမ်ချီလင်းရွှမ် ဘယ်လိုဆက်လုပ်မလဲသူမသိဘူး။

ဝမ်ချီလင်းရွှမ်နဲ့ခရီးအတူတူသွားခဲ့တဲ့အချိန်မှာ အရေးအကြီးဆုံးအချက်က လမ်းမှာဓားပြတွေနဲ့ကြုံခဲ့တယ်။ အဲ့ဒါနဲ့သူလည်းကြောက်လန့်ပြီးဘာလုပ်ရမှန်းမသိခဲ့ဘူး။ ဓားပြတွေလက်ကနေလွတ်အောင်ပြေးရင်း မြစ်ထဲပြုတ်ကျသွားခဲ့တယ်။ တစ်ကိုယ်လုံးရေတွေစိုနေတာကို ဝမ်ချီလင်းရွှမ်ကကယ်ခဲ့တယ်။ အဲ့အပြုအမူ​ကြောင့်ပဲ ဝမ်ချီလင်းရွှမ်အပေါ်သူမစွဲလမ်းမိသွားခဲ့တယ်။

သူ့မခန္တာကိုယ်ကို သူစိမ်းယောကျ်ားလေးက မြင်သွားခဲ့ပြီ။ ပြီးတော့ သူကလဲ သူမကို
သဘောကျနေတော့ သူ့အပေါ်ကိုသူမ့ဘဝတစ်ခုလုံးပုံအပ်လိုက်ဖို့ စိတ်ဆုံးဖြတ်ခဲ့တယ်။

ဒါပေမဲ့ အခုမှသေချာစဥ်းစားကြည့်တော့ သူရေထဲကို သူ့ဘာသာပြုတ်ကျတာမဟုတ်ဘူး။ သူ့ကိုတွန်းချလိုက်တဲ့လက်နှစ်ဖက်ကိုမြင်လိုက်သလိုပဲ။ အဲ့လိုလုပ်နိုင်တာ မားမားလင်တစ်ယောက်ပဲရှိတယ်...

အစကတည်းက မားမားလင်က သူမဝမ်ချီလင်းရွှမ်ကိုသတိထားမိစေဖို့ အရမ်းကို
ကြိုးစားနေခဲ့တာမလား?

ဝမ်ချီလင်းရွှမ်နဲ့မားမားလင်တို့နှစ်ယောက်ကိုရှင်းလင်းပြီးတဲ့နောက် လင်းရွှမ်ရဲ့စိတ်အခြေအနေပိုလို့ကောင်းသွားတယ်။ ဒါဟာ ဒီရက်တွေအတွင်း သူမစိတ်ရင်းမှန်နဲ့ ပြုံးလိုက်ခြင်းပင်။

လမ်းမှာတစ်ခုခုထပ်ဖြစ်မှာစိုးရိမ်တဲ့အတွက်
ညမနားဘဲခရီးအမြန်နှင်ခဲ့ကြသည်။ လူတိုင်းလိုလို အသက်ပြင်းပြင်းမရှုရဲကြပဲ သုံးရက်မြောက်နေ့ နေမထွက်ခင်မှာပဲသူတို့ နန်းမြို့တော်ကိုရောက်ခဲ့တယ်။

မြို့တော်ဂိတ်ကိုဖြတ်ပြီးတာနဲ့ လင်းရွှမ်ရဲ့ မျက်ဝန်းတွေက အားမာန်တွေနဲ့တလက်လက် တောက်ပလာ၏။ သူမြို့တော်ဂိတ်ကိုဖြတ်ပြီးတာနဲ့ နောက်လာမယ့်ကာလတွေမှာ အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူဓားတောင်ကိုဖြတ်ပြီး မီးတောင်ကိုကျော်ရမယ်ဆိုရင်တောင် သူမကြောက်ဘူး။ ယွင်မိသားစုကို သူမကျိန်းသေပေါက်ကာကွယ်မယ်။
အရင်ဘဝကအဖြစ်ဆိုးမျိုး နောက်ထပ် အဖြစ်ခံမှာမဟုတ်ဘူး။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now