တချို့အရာတွေက ရှောင်လွှဲလို့မရမှတော့
တည်တည်ငြိမ်ငြိမ်နဲ့ပဲ ထိပ်တိုက်ရင်ဆိုင်ရမယ်။

' ဝမ်ချီလင်းရွှမ် နင်က ငါ့ကိုအရင်ဘဝကလို အလွယ်တကူလှည့်စားလို့ရအောင်
တုံးအနေတယ်လို့ ထင်နေတာလား?
နင်သိပ်ကိုမှားသွားပြီ ' ဝမ်ချီလင်းရွှမ် ဒီသွေးကြွေးကိုငါကျိန်းသေပေါက်ဆပ်မှာ။

လှည်းအတွင်းကအသံကိုကြားတဲ့အခါ
မားမားလင်နဲ့ဝမ်ချီလင်းရွှမ် တစ်ယောက်ကို
တစ်ယောက်ကြည့်လိုက်တယ်။ သူတို့ရဲ့အကြည့်တွေက ပျော်ရွှင်မှုတွေနဲ့တလက်လက်တောက်သွားပြီး စကားတစ်ခွန်းမှမဆိုဘဲ အချင်းချင်းမသိသလိုဟန်ဆောင်နေလိုက်ကြသည်။

ဝမ်ချီလင်းရွှမ်ပါလာတာနဲ့ သူတို့ခရီးလမ်းက ပိုပြီးတိတ်ဆိတ်သွားသည်။ လမ်းမထက်မှာ မြင်းခွာသံတွေသာကြားရတယ်။

ခရီးလမ်းတစ်လျှောက်လုံးမှာ မားမားလင်ကလင်းရွှမ်ကို ခဏအနားယူဖို့လှည်းပေါ်ကဆင်းဖို့ အမြဲတစေဖြောင်းဖြနေပေမယ့်လဲ
လင်းရွှမ်ကတော့ မြို့တော်ကိုမြန်မြန်ရောက်ချင်တာကိုအကြောင်းပြပြီး အမြဲငြင်းဆန်ခဲ့တယ်။ ပြောရရင်ဝမ်ချီလင်းရွှမ်ရောက်လာကတည်း သူမမြင်းလှည်းပေါ်ကမဆင်းရသေးဘူး။

'' မမလေး နောက်နှစ်ရက်ဆိုမြို့တော်ကိုရောက်တော့မှာပါ။ ညဘက်ကျအရှိန်မြှင့်ပြီးခရီးနှင်လိုက်ရင် မနက်ဖြန်သဘက်ခါ မြို့ဂိတ်တံခါးမပိတ်ခင် မြို့တော်ကိုရောက်လိမ့်မယ်နဲ့တူတယ် '' မားမားလင် လက်ရှိအခြေအနေကိုတင်ပြလိုက်တယ်။ ဒီခရီးလမ်းကအလျင်လိုနေတဲ့အတွက် သူတောင်ဝိတ်အတော်လျော့သွားပြီ။

သေသေချာချာမအိပ်မစားရတော့ မမလေးလဲ ဝိတ်တော်တော်လျော့သွားတယ်။

''  ဒါဆိုအရှေ့နားမှာခဏနားကြရအောင်။
လူတိုင်းကိုအစာခြောက်နည်းနည်း
စားခိုင်းလိုက်... ပြီးရင် မြို့တော်ကိုညမနားဘဲ ခရီးဆက်ကြမယ် ''လင်းရွှမ်တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။

'' ဟုတ်ကဲ့ '' မားမားလင် လူတိုင်းကိုမမလေးညွန်ကြားတဲ့အတိုင်း လိုက်ပြောလိုက်တယ်။ လူတိုင်းက သူတို့ကျောကုန်းတွေနာနေပြီး လမ်းခရီးမှာပဲဘဝကူးတော့မှာပဲလို့ ညည်းညူနေကြသည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now