မျပတ္သားလိုက္တာဗ်ာ.မပြတ်သားလိုက်တာဗျာ

1.3K 71 1
                                    

‍‍‍ခ်စ္ပါရေစ
အပိုင်း၁၂

"‍‍‍‍ဟာ ဒုက္ခပဲအစ်ကို ဦးငယ်ဟုတ်ပါ့မလားဆိုပြီးလိုက်ချောင်းတာ တကယ်ဖြစ်နေတယ် ကြည့်ရတာဦးငယ်မူးနေတယ့်ပုံပဲအစ်ကိုရေ အဲ အဲ အခန်းထဲဝင်သွားကြပြီ ဘယ် ဘယ်လိုလုပ်ကြမလဲ ဗျာ အဲ ဟုတ် ဟုတ် ဖြေးဖြေးမောင်းလာခဲ့ပါနော် ဟုတ်ကဲ့ ဟုတ် ကျွန်တော်နဲ့ထွဋ်အခန်းကိုစောင့်ကြည့်နေတယ် ဟုတ်ကဲ့"
ချမ်းမှာ ဦးငယ်ကိုစိတ်ပူလွန်း၍အသံရောလူပါ တုန်ရင်နေသည်။

"ဘာ ဘာတဲ့လဲဖိုးချမ်း"

"အစ်ကိုက ကားနဲ့ထွက်လာပြီတဲ့ ငါ ငါတို့ဝင်သွားကြမလားထွဋ် အစ်ကိုကကြာနေမှာ တော်ကြာငါတို့ဦးငယ်ဘ၀လေး "

"ဟာ! ပေါက်ကရတွေချမ်းရာ ခုနကဦးငယ်တော်တော်မူးနေတယ့်ပုံပဲ မူးနေမှတော့ဘယ်လိုလုပ်လို့ရမှာလဲ"

"မင်းတောင်လုပ်နိုင်သေးတယ်မဟုတ်ဘူးလား ဟင်း"

"ကျစ် မင်းကတော့ စောင့်ကြည့်ပါအုံးကွာ"

"ထွဋ် သူဦးငယ်ကိုဘာမှမလုပ်နိုင်အောင်ငါတို့နှောင့်ယှက်ကြမလား"

"ဟမ်! ဘယ် ဘယ်လိုလဲ"

"ဒီလိုလေ"

ချမ်းကပြောရင်း ဘဲလ်တီးဖို့ လက်ညိုးကလေးထောင်တုန်း-  ကျွီ!

"အဲ! ဖိုးချမ်း "

တခါးက မဖွင့်ရသေးဘဲ ပွင့်လာတာကြောင့်  ချမ်းကို ထွဋ် အချိန်မှီလှမ်းဆွဲလိုက်သည်။ ထို့နောက်အခန်းထဲမှ ထိုအမျိုးသမီးထွက်လာခဲ့သည်။

"ဟွန်း လူငယ်တွေကလည်းနော် အခန်းသွားကြပါလား ဟင်းးး"

ခေါင်းတခါခါနှင့် နံရံပေါ်မှာ ထပ်လျက်ဖြစ်နေကြသော ချမ်းနှင့်ထွဋ်တို့ကိုကြည့်ပြီး လှည့်ထွက်သွားသည်။

"ဟူး!" ခနဲ ၂ယောက်သားသက်ပြင်းချလိုက်ကြသည်။ ချမ်းရဲ့မျက်စောင်းလေးက ထွဋ်ဆီသို့ရောက်နှင့်နေပြီးသားပေါ့။ထွဋ်က မျက်စံကိုအပေါ်တင်ထားပြီးမျက်နှာလွှဲထားသည်။

"ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ် လဒစုတ် ဟင်း ငါတို့ ၀င်ပြီးဦးငယ်ကိုခေါ်ထုတ်ကြမလား"

"ဟာ မင်းကလည်းနေပါအုံး အစ်ကိုလေပြေအေးကိုစောင့်အုံးလေ"

"ကြာနေရင် ဟိုအစ်မကြီးပြန်လာနေအုံးမယ်"

Friend Or Husband (Completed)Where stories live. Discover now