10

14.3K 2.3K 29
                                    

Unicode

မြေပြင်ပေါ်ကို လဲပြိုကျသွားတဲ့ ရင်းဆုယဲ့ရဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာကိုကြည့်လိုက်၊ ချဉ်းကပ်လာတဲ့ ဝံပုလွေအုပ်ကြီးကို ကြည့်လိုက်ဖြင့် ရွှယ်ယို့ရှန်းတစ်ယောက် ဒီကမ္ဘာကြီးမှာ ဆိုးရွားတဲ့အရာတွေ ဘယ်လောက်တောင် ရှိနေဦးမှာလဲလို့ စပြီးတွေးတောလာမိတယ်။

ရင်းဆုယဲ့ကို သိမ်းသွင်းစည်းရုံးဖို့ဆိုတာ သူ့အတွက် လွယ်ကူခဲ့တာမဟုတ်ဘူး။ အင်အားတွေအများကြီး စိုက်ထုတ်ခဲ့ပြီးမှ လုပ်နိုင်ခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ရင်းဆုယဲ့က ဒီအချိန်ကြီးကျမှ သတိလစ်သွားသတဲ့။

ဒါကြီးက တကယ့်ကို မမျှော်လင့်ထားတာပဲ..!

တကယ်လို့ အကာအကွယ်စည်းထဲက ပြေးထွက်ပြီး ထိုလူသားကို သွားကယ်ပြန်ရင်လည်း ခုနက သူ့ရဲ့လုပ်ရပ်ကြောင့် အန္တရာယ်ကြားထဲ တိုးဝင်မိသလို ဖြစ်သွားလိမ့်မယ်။ ကျိုးကြောင်းမဆင်ခြင်ဘဲ လိုဏ်ဂူထဲကို အမြန်ပြေးဝင်ခဲ့တာကြောင့် ဝံပုလွေတွေက အရင်ထက်တောင် ပိုတက်ကြွလာခဲ့ပြီ။ သူတို့သားကောင်တွေ ထွက်ပြေးသွားမှာစိုးပြီး ဝံပုလွေတွေက လက်ဦးမှုယူလိုက်ကြတယ်။ သူတို့ရဲ့ ဦးတည်ချက်ကို သတိလစ်နေတဲ့ ရင်းဆုယဲ့ဆီ ချက်ချင်း ပြောင်းလိုက်ကြတယ်။

ထိုအခိုက်အတန့် ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ကို ကယ်ရမလား၊ မကယ်ရဘူးလားဆိုပြီး ကောင်းကျိုးဆိုးကျိုးတွေ မစဉ်းစားနိုင်တော့ဘူး။ သူသာ ဆုံးဖြတ်ချက်အမြန်မချရင် ရင်းဆုယဲ့တော့ ဝံပုလွေတွေရဲ့ ပါးစပ်ကြားထဲ စက္ကန့်ပိုင်းအတွင်း သေဆုံးရလိမ့်မယ်။

သူ့ခန္ဓာကိုယ်က သူ့စိတ်ထက်တောင် မြန်သေးတယ်။ အကာအကွယ်စည်းထဲကနေ ချက်ချင်း ပြေးထွက်သွားခဲ့တယ်။ ပြေးနေစဉ်မှာလဲ Holy Mother လို ဖြူစင်တဲ့ သူ့လုပ်ရပ်အတွက် သူ့ကိုယ်သူ ချီးမွမ်းလိုက်သေးရဲ့။ တစ်ခဏလေးအတွင်း ၃၂ ကြိမ်လောက် ချီးမွမ်းပြီးခဲ့ပြီ။

TV ကလာသမျှ ဇာတ်လမ်းတွေထဲက လူတွေရဲ့အသက်ကို ကယ်တင်တတ်တဲ့ ဇာတ်ကောင်တွေကို အကြည့်များသွားလို့များလား..? သူကိုယ်တိုင်က လူကောင်းတစ်ယောက်ဖြစ်ခြင်းရဲ့ အတွေ့အကြုံတွေ လိုချင်နေလို့များလား..? ဒီလိုခက်ခဲနေတဲ့ အချိန်မှာတောင် လျှောက်တွေးနေနိုင်တာ သူ့ရဲ့ဦးနှောက်က အပေါက်ကြီးပေါက်နေတာများလား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now