“အွန်း .. အေးပါ … ဖေးယွီလေးက သားလေးကိုမချစ်ဖူး … ကောကိုပဲချစ်တာနော် … ကောသိတာပေါ့”
“ခင်ဗျား ဗျာ …”
ဖေးယွီက လမ်းဘေးဝဲယာကို တစ်ချက်လှမ်းကြည့်ကာ လူရှင်းနေတာတွေ့တော့
“ကားရပ်ဗျာ”
“ဟမ်”
“ကားရပ်လို့”
ဘာလို့ရုတ်တရက်ကြီး ကားရပ်ခိုင်းတာလဲ မသိတာမို့ ယွင်ရှီးက ကြောင်တောင်တောင်လေးဖြစ်နေတာကို စိတ်မရှည်တော့သည့်နှယ် အော်လာတာမို့ လန့်ကာ ကားလေးကို လမ်းဘေးသို့ ထိုးရပ်လိုက်ရတော့သည်။
“ဘာ …ဘာဖြစ်တာလဲ … ဖေး…”
ယွင်ရှီးစကားလေးတောင် ဆုံးအောင် မပြောရသေး ဖေးယွီကိုယ်လုံးကြီးက ယွင်ရှီးဘက်သို့ကိုင်းလာကာ ယွင်ရှီးပတ်ထားသည့် ခါးပတ်ကိုလှမ်းဖြုတ်ရင်း ယွင်ရှီးကိုယ်လေးကို စွေ့ခနဲပွေ့ကာ သူ့ပေါင်ပေါ်တင်လိုက်လေသည်။
“ဖေး … ဖေးယွီ”
*******
26.8.21
#Zawgyi
“အေနာက္ကိုသြား”
“သွားပါပု … ဦးဦးပဲသွားထိုင် … ကလေးကို ဦးစားပေးရမှာယေ သိဖူးလား”
“မသိဖူး … ကလေးက ကလေးပီပီသသ အနောက်မှာ ထိုင်ရမှာပေါ့”
“ပါပါးဘေးမှာ သားသားထိုင်မှာ ဦးဦးက အနောက်သွား”
“မင်းသွား”
ကားဘေးမှာရပ်ကာ နေရာလုနေတဲ့ အကြီး၊အသေးနှစ်ယောက်ကို ကြည့်ပြီး ယွင်ရှီးမှာ ရယ်ရမလိုလို၊ ငိုရမလိုလိုပင်။ တကယ့်ကို မတည့်အတူနေနှစ်ယောက်။ တစ်ယောက်ကလည်း ယွင်ရှီးကို တအားတိုကာ သူပဲပိုင်ချင် သူပဲကပ်ချင်သည်။ အသေးလေးကလည်း မကြိုက်မှန်းသိလို့ကို တမင်လိုက်စတတ်သည်။
“ပြောမရ ဆိုမရလေး ကဲဟာ … ဂွပ်”
ဖေးယွီက ပြောရင်းဖြင့် သားလေးခေါင်းကို ဂွပ်ခနဲခေါက်ချလိုက်သည်။ သားလေးက အဲ့လိုအခေါက်ခံရလို့ ငိုမည်ထင်လား? ဖေးယွီကို မျက်လုံးပြူးကြည့်ကာ သူ့အရပ်နှင့်မှီသည့် ဖေးယွီပေါင်ကို ကုန်းကိုက်ပါသည်။ နှစ်ယောက်ဆုံတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကိုက်နေ သတ်နေကြမို့ ယွင်ရှီးအတွက် ရိုးနေပြီပင်။ ဒါပေမယ့် ဒီနေ့တော့ ယွင်ရှီးဝင်မပါလို့ မဖြစ်တော့ပေ။ ကြည့်ကောင်းကောင်းနဲ့သာ ဒီကလေးနှစ်ယောက်ကို လွှတ်ပေးထားလိုက်ရင် ခနနေ အပြန်အလှန်သတ်ပွဲဖြစ်ကာ ကျောင်းချိန်နောက်ကျတော့မည်။ ဒီနေ့က သားလေးရဲ့ ပထမဆုံးကျောင်းတက်ရက်မို့ နှစ်ယောက်ကို စိတ်တိုင်းကျလွှတ်ထားပေးလို့ မဖြစ်ပါ။
YOU ARE READING
I'M NOT SHARING YOU WITH ANYONE ELSE (Completed)
Fanfictionကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ... ကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ ... #feiyunxi fanfic by Avery
Chapter 18
Start from the beginning
