ကျောင်းမှာ ဆရာမလက်ထဲ သားလေးကို သေချာအပ်ပေးပြီးနောက် မပြန်ခင် သားငယ်လေးရဲ့ ပါးပြင်တစ်ဖက်ကို ငုံ့ကာ နမ်းလိုက်သည်။

“ဆရာမတွေ စကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော် သားလေး၊ သူငယ်ချင်းတွေလည်း အများကြီးဖွဲ့ခဲ့နော်၊ အပြန်ကို ပါးပါးတို့ လာကြိုမယ်”

သားလေးက ကြက်ပေါက်လေးလို ခေါင်းညိတ်ပြကာ သူသိကြောင်း ဖြေလေသည်။ ယွင်ရှီးတို့လည်း ပြန်ဖို့ပြင်ကာ ဆရာမကလည်း သားလေးကို အထဲခေါ်သည်ကို သားလေးကမသွား။ ဖေးယွီပေါင်ကို သူ့လက်သေးသေးတုတ်တုတ်လေးနှစ်ဖက်ဖြင့် လှမ်းဖက်ကာ ဖေးယွီကို မော့ကြည့်နေပေသည်။

“ဦးဦးရော သားသားကို မွမွပေးပုလား”

အံမယ် ဖေးယွီဆီက အာဘွားမရလို့ အထဲမဝင်သေးဖူးပေါ့။ ဘေးက ကလေးကြီးကိုကြည့်လိုက်တော့ မျက်ရိုးကိုတွန့်ချိုးကာ ငုံ့ကြည့်နေသည်။ ပေးလိုက်လေဆိုသည့်သဘောဖြင့် တံတောင်ဖြင့် အသာတို့လိုက်တော့ ယွင်ရှီးကို ဘုကြည့်ကြည့်လာသည်။ ပြန်စိုက်ကြည့်ကာ သားလေးရှိရာ မေးဆတ်ပြလိုက်တော့မှ သူ့ကို မတရား ဘူလီလုပ်နေပါတယ်ဆိုသည့်အကြည့်ဖြင့် ကြည့်ပြီး ခါးကိုကိုင်းရင်း သားလေးပါးပြင်ကို ဖြတ်ခနဲ နမ်းလိုက်ကာ ချက်ချင်းခပ်မတ်မတ်ပြန်ရပ်လေသည်။ ပြီးနောက် ရုပ်တည်ကြီးဖြင့် ယွင်ရှီးကိုတောင် မစောင့်ပဲ ထွက်သွားလေတော့သည်။ ယွင်ရှီးလည်း သားလေးကို တာ့တာပြကာ ကလေးကြီးနောက် အမှီပြေးလိုက်ရတော့သည်။ ငကောက်လေးကို ချော့ရပေဦးမည်။
.
.
.
“ဖေးယွီကလည်းကွာ … သားလေးက ဖေးယွီကို ချစ်လို့တောင်းတဲ့ဟာကို အာဘွားလေးတစ်ချက်ပေးလိုက်ရတာ ဘာဖြစ်လို့လဲ”

“ကျွန်တော်မှ မချစ်တာ မပေးချင်ပါဖူး။ ကျွန်တော်က ကောကိုပဲ ချစ်တာ … ကောကိုပဲ ပေးချင်တာ”

“မဆိုးစမ်းနဲ့ အဆိုးလေးရာ … မချစ်တာလည်း မဟုတ်ပဲနဲ့”

“မချစ်ဖူး … မချစ်ဖူးလို့ ပြောနေတာကို ဘာလို့အတင်းချစ်ခိုင်းနေတာလဲ”

ငကောက်လေးရဲ့ လေသံကမာလာကာ ရှူးရှူးရှဲရှဲဖြစ်လာပြီမို့ ယွင်ရှီးတစ်ထစ်လျော့ချလိုက်ရသည်။ ဖေးယွီက ရှူးရှူးဒိုင်းဒိုင်းစရိုက်ဆိုတာ ယွင်ရှီးသိပါတယ်။ ယွင်ရှီးကိုချစ်လွန်းလို့သာ အလျော့ပေးနေတတ်တာမှန်းလည်း သိပါတယ်။ တစ်ခါတစ်လေ သူစိတ်တိုလွန်းလာရင် စရိုက်မှန်လေးက ပေါ်လာတတ်သည်။ ထိုအချိန်မျိုးဆို ယွင်ရှီးသော ဘာသော သိတော့တာမဟုတ်။ သူလုပ်ချင်ရာလုပ်ပြီးမှ စိတ်ပြေသွားမှ ပြန်တောင်းပန်တတ်တာမျိုး။

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Donde viven las historias. Descúbrelo ahora