Start from the beginning
အက်ဂါက သူ့အရှေ့မှသားရဲတစ်ပိုင်းလူသားအား လေ့လာနေ၏။ တော်ဝင်ကြင်ယာတော်ဖေဖေနှင့် ဒေါက်တာဂျွန်း၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှ၏။ လွန်ခဲ့သည့်နှစ်အတွင်း ကြယ်မြို့တော်သို့ ဒေါက်တာဂျွန်းရောက်လာခဲ့၍ အက်ဂါက ထိုသူနှင့်တစ်ခါတွေ့ဆုံဖူးခဲ့၏။ ထို့အပြင် တော်ဝင်ကြင်ယာတော်ဖေဖေ၏တောင်းဆိုမှုအရ အက်ဂါကသူ၏သားရဲပုံစံအား ဂျွန်းကိုပြသကာစစ်ဆေးမှတ်တမ်းယူစေခဲ့၏။
 ထို့နောက်တွင်တော့ ဒေါက်တာဂျွန်းမှာ မြို့တော်နှင့်အလွန်ဝေးကွာသော ဂြိုဟ်တစ်ခုတွင် သားရဲများနှင့်ပတ်သက်သော ဆေးပညာများကိုလေ့လာရန် သွားခဲ့သည်ဟု ဆိုကြ၏။ ထိုသတင်းမှာ မှန်ကန်ကြောင်းအက်ဂါကိုယ်တွေ့သိလိုက်ရ၏။
"အရှင့်သား...အရှင့်သားအိမ်ရှေ့စံမင်းသားဟုတ်တယ်မလား" ဂျွန်းက သေချာအောင် ထပ်၍မေးလိုက်၏။ သားရဲတစ်ပိုင်းလူသားအများစုက သားရဲလူသားများစွာ၏ သားရဲပုံစံများကို ခွဲခြားနိုင်စွမ်းမရှိကြသော်လည်း ဂျွန်းက တပ်ထဲတွင်နှစ်သုံးဆယ်နီးပါး သားရဲလူသားများနှင့် ရောနှောနေထိုင်ခဲ့ရ၍ ခွဲခြားမှတ်သားနိုင်ရန် နည်းတစ်ခုကိုယ်တိုင်တီထွင်ထားခဲ့၏။ ထို့ကြောင့် သူ၏အမြင်အပေါ် လုံးဝယုံကြည်မှုရှိလေသည်။ အိမ်ရှေ့စံမင်းသား၏ သားရဲပုံစံအား သေသေချာချာ လေ့လာခဲ့ဖူး၍ သူမှားနိုင်စရာအကြောင်းမရှိပေ။
ဂျွန်းက တည်ငြိမ်နေဟန်ဖြစ်နေသော်လည်း သူ၏စိတ်ထဲတွင်မုန်တိုင်းထန်နေလေသည်။ အိမ်ရှေ့စံမင်းသားက အဆင့်ကျသားရဲဖြစ်သွားပြီ!!!!!
လွန်ခဲ့သောနှစ်ဝက်က အက်ဂါဒဏ်ရာအပြင်းအထန်နှင့်ပျောက်ဆုံးသွားကြောင်းသတင်းကို ဂျွန်းလည်းသိရှိခဲ့၏။ ထို့ကြောင့် မြွေအကြီးမျိုးနွယ် အဆင့်ကျသားရဲတစ်ကောင်တွေ့ပြီ ဟုသတင်းကြားတိုင်း ဂျွန်းကသွားရောက်ကာ စစ်ဆေးကြည့်တတ်ပြီး ယခုအကြိမ် မထင်မှတ်ပဲ​​အက်ဂါနှင့် တွေ့လိုက်ရခြင်းဖြစ်လေသည်။
ဂျွန်းက တုန်ယင်နေသောလက်ကို မထိန်းချုပ်နိုင်တော့ပေ။ အက်ဂါကိုကြည့်ကာ အကြီးအကျယ်ရှော့ခ်ရနေပုံက ရှုရှုအားဇဝေဇဝါဖြစ်သွားစေလေသည်။ မြွေကြီးအား ဂျွန်းကစိုက်ကြည့်နေ၍ ရှုရှုကမနေနိုင်တော့ပဲ အသံပိစိလေးဖြင့် မေးလိုက်တော့၏။ "မြွေကြီးက တစ်ခုခုဖြစ်နေလို့လားဟင်"
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now