"ငါစားနေကြလေကွာ။ ဘာမှမဖြစ်ပါဘူး။ ဘာလို့ အကုန်လိုက်စိုးမိုးနေတာလဲ။ ဒီလိုစိုးမိုးနေမယ်ဆို ကိုယ့်ဘဝနဲ့ ကိုယ်နေတော့နော်။ ချစ်သူမတော်တော့ဘဲ သူငယ်ချင်းပဲ တော်တော့မယ်"

"မင်းအတွက် ပြောနေတာ"

"မပြောနဲ့"

"မပြောဘူး"

နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောကြတော့ဘဲ အစားချည်းသာ လှိမ့်စားနေလိုက်သည်။ သာထူး စားလို့ ပြီးသွားသည်အထိ ထူးခြားမှာ စားလို့ မပြီးသေးပေ။ ကိုယ့်မှာ အစားကုန်သွားပြီမို့ သူစားတာကို ထိုင်ကြည့်ပြီး စောင့်နေရသည်။ မုန့်ဟင်းခါး စားလို့ ကုန်သွားပြီမို့ ပြီးပြီလို့ ထင်လိုက်ပေမယ့် ဟင်းရည်ထဲမှာ အိုးဘဲဥက ပုံမပျက်ကျန်နေသေးသည်။

"ဟင် . . . အိုးဘဲဥက ဒီတိုင်းကျန်နေသေးတယ်။ မုန့်ဟင်းခါးထဲ ထည့်စားဖို့ မဟုတ်ဘူးလား"

"မဟုတ်ပါဘူး။ ဒီတိုင်း ဟင်းရည်လေးနဲ့ သောက်စားဖို့ ဝယ်ထားတာ"

"ဪ . . . ရှည်လျားလိုက်ပုံများ။ မုန့်ဟင်းခါးထဲ ထည့်စားလည်း ဒါပဲ။ ဒီတိုင်းစားလည်း ဒါပဲကို ဘာလို့ ရောမစားလိုက်တာလဲ ထူးခြားရယ်"

"မတူဘူးလေ။ ငါ့ဘာငါ အိုးဘဲဥကို ဒီတိုင်းသီးသန့်စားရတာကြိုက်လို့ ဒီတိုင်းစားတာလေ။ ဘာလို့ လိုက်စိုးမိုးနေတာလဲ"

"အေးပါ စားစား။ မင်းစားတာ ငါမျှော်နေရသလိုပဲ"

"ထပ်မှာလိုက်ပေါ့"

"မကာတော့ဘူးလေ။ မင်းအထဲက နည်းနည်းကျွေး"

"မကျွေးဘူး။ စားချင်ရင် ကိုယ့်ဘာကို ထပ်မှာစားလိုက်"

"တစ်လုံးကြီး မကုန်တော့ဘူးကွ။ ငါစားတဲ့အထဲ ကောက်ညှင်းပေါင်းလည်းပါတယ်။ ဗိုက်တင်းနေပြီ။ နည်းနည်းပဲကာတော့မှာ။ မင်းအထဲကကျွေး"

"မကျွေးဘူး"

"ငါတို့က ချစ်သူတွေလေ"

"အင်း သိတယ်။ မနေ့ကညနေက ဖြစ်တာလေ"

"အေးပါ"

မကျွေးဘူးဆို တကယ်ကိုမကျွေးသည့် ထူးခြားက တစ်ယောက်ထဲသာ စားနေလေသည်။ ဆက်ပြီး သည်းမခံနိုင်တော့တာမို့ သူ့ပန်းကန်ထဲမှာ ကျန်နေသည့် အိုးဘဲဥတစ်ခြမ်းကို သူ့အလစ်မှာ ဇွန်းဖြင့်အမြန်ခပ်ယူလိုက်ပြီး ပါးစပ်ထဲ အကုန်ပစ်ထည့်လိုက်သည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now