"ထူးခြား"
"ဟင်"
"ဘာတွေ တွေးနေလဲ။ မင်းမောင်းမလို့လား မောင်းလေ"
"အင်း ငါမောင်းမယ်"
"ဒါနဲ့ ဘယ်သွားမလို့ ငါ့ကို အစောကြီး လာခိုင်းတာလဲ"
"ဒီတိုင်း စောစောတွေ့ချင်လို့ လာခိုင်းတာ။ ဘယ်သွားရမှန်းတော့ မသိဘူး"
"အင်း မဆိုးပါဘူး ကောင်းသားပဲ"
"မာမီညွန့်မှာ မုန့်ဟင်းခါး သွားစားမလား"
"အင်း သွားမယ်လေ"
ထူးခြားတို့အဆောင်ကနေ မာမီညွန့် မုန့်ဟင်းခါးဆိုင်ကို လာခဲ့လိုက်သည်။
"သားတို့ ဘာစားမှာလဲ"
"မုန်းဟင်းခါးစားမှာ အန်တီ။ သား မုန့်ဟင်းခါးထဲကို ကောက်ညှင်းပေါင်းရော အိုးဘဲဥရော ဘူးသီးကြော်ရော ငါးဖယ်ပါ ထည့်ပေးနော်"
"အေးအေး သား"
သာထူးမှာလိုက်သည်ကို ကြားပြီး ကိုယ့်နားတောင် ကိုယ်မယုံချင်ဖြစ်သွားရသည်။
"မင်း မုန့်ဟင်းခါးစာမှာလား။ အိုးဘဲဥတို့ အကြော်တို့ ဘူသီးကြော်တို့ စားမှာလား"
"ငါက အစုံစားချင်တာလေ။ ဘာတွေ စိုးမိုးနေတာလဲ။ မင်းလည်း မင်းစားချင်တာမှာပေါ့"
မနက်ခင်းအစမှာထဲက အစားအသောက်ကြောင့် စကားများရမည်မှာတော့ မဟုတ်သေးပေ။
"အန်တီ သားလည်း မုန့်ဟင်းခါးပဲ။ ဘူးသီးကြော်နဲ့ ပေးပါနော်။ ဟင်းရည် သပ်သပ်ထည့်ပေးပါဦးနော် အန်တီ"
"အေးအေးသား"
"သပ်သပ်ထည့်ပေးတဲ့ ဟင်းရည်ထဲကို အိုးဘဲဥတစ်လုံးထည့်ပေးပါနော်။ အလုံးလိုက်ထည့်ပေးနော် မခြမ်းနဲ့နော်အန်တီ"
"ဟုတ်ကဲ့ပါရှင့်"
မုန့်ဟင်းခါး လာချပေးတော့လည်း မုန့်ဟင်းခါးပန်းကန်ထဲကို ငရုတ်သီးအလှော်မှုန့်တွေ အများကြီးထည့်နေသည့် သာထူးကို ကြည့်ပြီး မစားရဘဲ စပ်လာသည်။
"ဘာလို့ ငရုတ်သီးတွေ အများကြီးထည့်နေတာလဲ။ ဗိုက်နာတော့မှာပဲ။ တော်ရုံစားလေ။ ဘေးတွေ ဖြစ်ကုန်တော့မယ်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။
Part 41 (U+Z)
Start from the beginning