သူကလည်းအတင်းခေါ်တာကြောင့်သူ့ကားနဲ့ပဲကျောင်းကိုသွားခဲ့တယ် ကားပါကင်မှာသူ့ကားကိုထားပြီးကျွန်မသွားရမယ့်ကျောင်းအုပ်ရုံခန်းထိလိုက်ပို့ပေးခဲ့တယ်

Bella:လိုက်ပို့ပေးလို့ကျေးဇူးပါ

Jin:ဟုတ်

ကျွန်မလည်းကျောင်းအုပ်ကြီးရုံးခန်းထဲကိုဝင်သွားပြီးကျောင်းသူသစ်ဖြစ်ကြောင်းနဲ့အတန်းနေရာကိုဝင်မေးခဲ့တယ် ကျောင်းအုပ်ကြီးကအတန်းထဲထိလိုက်ပြခဲ့တယ် ကျောင်းအုပ်ကသဘောကောင်းတော့ကြောက်နေတဲ့စိတ်တောင်လျော့သွားတယ်

အတန်းထဲကခုံလွတ်တစ်နေရာမှာဝင်ထိုင်လိုက်တယ် အဲ့အချိန် ရုပ်ချောချောနဲ့ကောင်မ​လေးတစ်ယောက်ကကျွန်မရှိရောက်လာတယ်

Dam na:ဒီနေရာကငါ့နေရာ

Bella:အော်ဟုတ် မသိလို့ပါ

ကျွန်မလည်းသူ့အရှေ့ကခုံမှာသွားထိုင်လိုက်တယ်

Dam na:ဒါငါ့သူငယ်ချင်းနေရာ

Bella:အာ...ဟုတ်ဟုတ်

ကျွန်မလည်းထောင့်ကခုံမှာပဲသွားထိုင်လိုက်တယ်

အတန်းထဲကလူတချို့ကကျွန်မကိုကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်နေကြတယ် ကျွန်မလည်းသူတို့ကိုအာရုံမထားပဲအတန်းတက်ရမယ့်အချိန်ကိုပဲစောင့်နေလိုက်တယ်

အတန်းတက်ဖို့ခေါင်းလောင်းမြည်ပီ

အတန်းပြင်ရောက်နေတဲ့ကျောင်းသားတေအတန်းထဲပြေးဝင်လာကြပြီးနေရာယူကြတယ် ကျွန်မရဲ့အရှေ့ခုံကိုလည်းရုပ်ချောချောကောင်မလေးတစ်ယောက်ပြေးလာထိုင်တယ်
သူကကျွန်မကိုလှမ့်ကြည့်တယ် နည်းနည်းကြောက်မိတယ်အနိုင်ကျင့်ခံရမှာ

Jia:အာညော် ငါ့နာမည်ကJiaပါ Park Jia နင်ကကျောင်းသူသစ်ထင်တယ်

တော်ပါသေးရဲ့အနိုင်ကျင့်တက်တဲ့သူမဟုတ်လို့ ကျွန်မနည်းနည်းပျော်သွားတယ်ဘာလို့လဲဆိုတော့ကျွန်မတက်ခဲ့တဲ့ကျောင်းတိုင်းမှာကျွန်မကိုလာမိတ်ဆက်ပြီးစကားလာပြောတဲ့သူတစ်ယောက်မှမရှိတော့လေ

Bella:အာညော် ငါ့နာမည်ကBellaပါ

Jia:Bella ဝိုး....နာမည်ကမိုက်တာပဲ

Love Between Pride [BTS X READER]*ongoing*Where stories live. Discover now