Part 2

218 27 0
                                    

Unicode

ဟူး....အချိန်တေကုန်လာလိုက်တာ ကိုရီးယားသွားဖို့ရက်သိပ်မကျန်တော့ဘူး ကိုရီးယားကကျွန်မအတွက်အစိမ်းသက်သက်ပါ ငယ်ငယ်ကပဲ၁ခေါက်ရောက်ဖူးတယ်တဲ့ ဒါတောင်အမေပြောပြလို့မှတ်မိတာ Usမှာနေတာကြာလို့Usမှာပဲဆက်နေချင်မိတယ် ဘာပဲဖြစ်ဖြစ်ကျောင်းတက်ပြီးပြန်လာရမှာပဲဆိုတော့ခဏလောက်ပဲသည်းခံရမယ်

အိပ်ခန်းထဲမှာပဲစာအုပ်ဖတ်လိုက် သီချင်းနားထောင်လိုက် အိပ်လိုက် စားလိုက် နဲ့ပဲ​နွေရာသီကိုဖြတ်သန်း​နေခဲ့တယ် အရင်ကတော့မိသားစုတေနဲ့campingထွက်road tripတွေသွားဖြစ်ပေမဲ့ဒီနှစ်ကတော့ခြောက်ကပ်ကပ်ကြီး

ရက်အနည်းငယ်အကြာ....

အခုကိုရီးယားကိုသွားဖို့နာရီသိပ်မကျန်တော့ဘူး ၉နာရီခွဲလေယာဥ်နဲ့ပဲသွားမှာမို့စောစောထပြင်ဆင်ရတယ်

Bella's dad:သမီးရေအဆင်သင့်ပဲလား ကားပိတ်တာနဲ့နောက်ကျနေဦးမယ်
Bella:ဟုတ်ပီးပါပီ

ကားထဲluggageတွေထည့်ပြီးအဖေနဲ့အမေကလေယာဥ်ကွင်းလိုက်ပို့​ပေးတယ်

လေယာဥ်ကွင်း​ရောက်တာနည်းနည်းနောက်ကျသွားလို့အဖေနဲ့အမေကိုတောင်သေချာမနှုတ်ဆက်ခဲ့ရဘူး အခုတော့လေယာဥ်ပေါ်မှာသီချင်းနားထောင်ရင်းအိပ်ဖို့အသင့်ပြင်နေပါပီ
လေယာဥ်လည်းစထွက်ကျွန်မလည်းစအိပ်တာပါပဲ

14နာရီလောက်လေယာဥ်စီးပြီးနောက်
ကိုရီးယားကိုရောက်ပါပီ

အဲ့မှာပြဿနာစတာပဲ ကျွန်မဘယ်ကိုသွားရမလဲမှမသိတာ luggageလေးတစ်လုံးနဲ့လမ်းစုံမှာလမ်းပျောက်နေတဲ့ကျွန်မကိုတွေးကြည့်ပါ
ကျွန်မလည်းအရဲစွန့်ပြီးလမ်းမေးရတော့မှာပေါ့

Bella: တစ်စိတ်လောက်ပါ Taxiကဘယ်နားမှာငှားရမလဲရှင့်

အသံတေတုန်ပြီးလက်ဖျားတေအေးစက်နေတယ် ကိုရီးယားစကားကိုသေချာမပြောနိုင်မှာကြောက်နေတာပါ

Stranger: အာ...ဒီတည့်တည့်လျှောက်သွားပြီးညာဘက်ချိုးရင်ထွက်ပေါက်ပါအဲ့နားမှာtaxiတွေရှိပါလိမ့်မယ်

Bella:အော်ဟုတ် ကျေးဇူးပါ

သူကျွန်မပြောတာနားလည်တာပဲတလွဲတွေထွက်သွားပီထင်တာ တော်ပါသေးရဲ့

Love Between Pride [BTS X READER]*ongoing*Opowieści tętniące życiem. Odkryj je teraz