2•(ချစ်ခြင်းသစ္စာတို့ ခိုင်မြဲစေသား)

Start from the beginning
                                    

ခပ်တည်တည်မျက်နှာထားနှင့်ပြောဆိုနေသည့် Min Yoongi၏ပုံစံဟာခံစားချက်မရှိသည့်လူတစ်ယောက်အလား။သို့ပေမဲ့ သူ့စိတ်ကိုထိန်းချုပ်ထားရသည့်အခြေအနေကိုတော့ မည်သူမျှသတိမထားမိချေ။ကောင်ငယ်လေးကိုထိုသို့ပြောထွက်ဖို့ရာ သူ့အတွက်လည်းအတော်ကိုကြိုးစားခဲ့ရသည်။

" မလိုက်ဘူး !"

ကုတင်ဘေးနားတွင်ဒူးထောက်ထိုင်နေသည့်ကောင်လေးကို Jiminကဆွဲသည့်အခါကောင်လေးပေကပ်စွာနှင့်ငြင်းသည်။တရှုတ်ရှုတ်နှင့်ငိုကာ မလိုက်ဖို့ငြင်းဆန်သေည့်ကောင်လေးကို Jiminကဆွဲထူပြီးအတင်းဆွဲခေါ်သော်လည်းမရချေ။ထိုဖြစ်ရပ်ကို ရပ်ကြည့်နေရသည့် Wangနှင့်Yoongiမှာလည်းစိတ်မကောင်းဖြစ်ပေရုံသာတက်နိုင်သည်။

မတက်နိုင်ဘူး ... အစကတည်းကမှားခဲ့ကြတဲ့သူတွေမို့ နောက်ဆုံးအထိအမှားလို့ပဲသတ်မှတ်လိုက်ကြရအောင်။ဒါဟာ ဖြေသိမ့်ဖို့ရာအကောင်းဆုံးနည်းလမ်းတစ်ခုပါလေ။

" အဲ့ဒါဆိုရင် ဒီတိုင်းပဲသူ့အရှေ့မှာအောက်စီဂျင်ပိုက်ကိုဖြုတ်လိုက်ပါ ... Wang "

Min Yoongi၏ပြောစကားကြောင့်ကောင်လေးက သူ့အားအကြည့်စူးနှင့်လှမ်းကြည့်သည်။စိတ်နာသည့်ပုံရိပ်တချို့လည်းပါ၀င်လို့နေ၏။Min Yoongiသည်လည်းသတိထားမိပေမဲ့ ဂရုမစိုတ်ချေ။သူ့အခြေနေနဲ့ သူ့ခံစားချက်ကိုသူသာလျှင်အသိစုံးမို့ တခြားသူမသိလည်းအဆင်ပြေပါသည်။

Min Yoongi၏အမိန့်ကိုWangကမငြင်းပေ။သို့ပေမဲ့ သူတုန်လှုပ်နေမိ၏။လူနာရှင်ဖြစ်သည့်ကောင်ငယ်လေး၏အရှေ့မှာ ရက်စက်စွာထိုသို့ပြုမူရသည်က သူ့အတွက်လည်းမလွယ်ကူလှချေ။တုန်လှုပ်စွာနှင့် အောက်စီဂျင်ကိုပိတ်ဖို့ပြင်နေသည့် Wang၏လက်ကလေးက ခလုပ်နားသို့ဖြေးညှင်းစွာတိုးကပ်သွားသည်။

" တီ တီ တီ တီ "

နှလုံးခုန်စက်မှရုတ်တရက်ထမြည်လာသည့်အသံကြောင့် Wang၏လက်ကတွန့်စုပ်သွားသည်။ပြီးနောက် ကုတင်ပေါ်မှလူသားအားကြည့်မိသည့်အခါ ခပ်ပြင်းပြင်းအသက်ရှုနေမှုကြောင့် Wangမှာကြောင်အသွားရသည်အထိ။Min Yoongiနှင့် Jiminကဘေးနားမှကြောင်အစွာဖြင့် Wang၏ပြောထွက်လာမည့်စကားကိုသာအာရုံရောက်နေသည်။အကြောင်းမှာတော့ သူတို့နှစ်ဦးကမိသားစု၀င်ဖြစ်သည့်အတွက် Wangကသာကုသခွင့်ရှိသောကြောင့်ပင်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now