မောင်နဲ့ပတ်သက်လို့ မောင့်ကိုရှာဖို့ သဲလွန်စရယ်လို့တစ်ခုမှ ငယ့်ဆီမှာမရှိဘူး..မောင်။
ငယ်တို့မြို့နဲ့အရမ်းမဝေးဘူးလို့ ပြောခဲ့ပေမဲ့ မောင်တို့နေခဲ့တဲ့ဇာတိရွာလေးက ဘယ်မှာလဲ ငယ်မသိဘူး မောင်။
မောင့်အမေဆီ မောင်ပြန်ရောက်နေလားမသိဘူး။
သိရင်ရော ငယ်က မောင့်နောက်ကတစ်ခါမှလိုက်မလည်ဘူးခဲ့ဘူး။
အရင် မောင်နေခဲ့တဲ့ရန်ကုန်ကအဆောင်ဆိုတာရော ဆေးခန်းနဲ့နီးတယ်ပဲသိတာ...ငယ် မရှာတတ်ဘူး မောင်။
မောင့်အသိမိတ်ဆွေတွေကိုလဲ ငယ်တစ်ယောက်မှ မသိဘူး မောင်ရယ်။
တကယ်တမ်းတွေးကြည့်ရင် မောင့်အကြောင်းတွေ ငယ်သိစရာများတယ်။
တကယ်ပဲ မောင်ရှိတာနဲ့ ရပြီဆိုပြီး ဘာမှမမေးခဲ့မိတဲ့ မောင့်အကြောင်းမသိခဲ့တဲ့ ပေါ့ဆမှုအတွက် ငယ်ကိုယ့်ကိုကိုယ် နောင်တရမိတယ်။
မောင် မပြောပြခဲ့တာ မဟုတ်ပါဘူး။
ငယ်က မမေးမိခဲ့တာပါ။
မောင့်အပြစ်မဟုတ်ဘူး။
အားလုံး ငယ့်အပြစ်။
ဘယ်နေရာပဲ ရောက်နေနေပါမောင်ရယ်...
မောင် နေကောင်းကျန်းမာပြီး ပျော်နေဖို့ပဲလိုပါတယ်။

အလုပ်ကို လောဘတကြီးလုပ်တတ်တဲ့ မောင့်ကိုစိတ်ပူတယ်။ ဂရုစိုက်မဲ့သူမရှိတာနဲ့ မပေပါနဲ့ မောင်ရယ်။ နေမကောင်းရင် ဆေးခန်းသွားပါ။ ပင်ပနး်ရင် နားပါ။ အစားအသောက်ကို ပုံမှန်စားပါ။
ငယ့်ကိုလဲ သတိရနေပေးပါ မောင်ရယ်။
ငယ်က မောင်မဟုတ်တဲ့တခြားတစ်ယောက် ထပ်မရှိတော့ပါဘူး။
မောင်စိတ်ချပါ။

မောင့်ကို ရှာရမယ်။
အတွေး....အသိ...အာရုံတွေအကုန်လုံး မောင့်ကိုရှာဖို့ပဲ တွေးနေမိတယ်။
ဒါကြောင့်ပဲ အားတင်းပြီး ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ကြိုးစားရတယ်။
ဒီအတိုင်းနဲ့နေရင် မောင့်ကိုဘယ်လိုရှာမလဲလို့ ကိုယ့်ကိုကိုယ်အားတင်းရတယ်။
မေမေတို့နဲ့ တစ်လခွဲလောက်အတူနေပြီးတာနဲ့...ရန်ကုန်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။
မေမေက ဘာမှမပြောပေမဲ့...သိတော့သိသလိုပဲဖစ်နေတယ်။ ဘာကြောင့်ဆို ဘဂျမ်းမရှိတော့တာနဲ့ပဲ အရုပ်ကြိုးပြတ်ဖြစ်သွားတဲ့ လင်းသန့်ကြည်ကို ဘယ်သူတွေအကြောင်းမရိပ်မိပေမဲ့ မွေးထားခဲ့တဲ့အမေကိုတော့ညာလို့ရပါ့မလား။ ပြီးတော့ လင်းသန့်ကြည်ကို မေမေအရိပ်တကြည့်ကြည့်မွေးခဲ့တာပဲ။
သားအမိနှစ်ယောက်ကြားမှာ ကွယ်ဝှက်ထားတာဘာမှမရှိခဲ့ဖူးဘူးလေ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now