လစ်ဟာနေသောနှလုံးသားများ (part2)

Mulai dari awal
                                    

ထိုင်နေသည့်အနေအထားနဲ့ပင် ထိုသူရဲ့ အရပ်အမောင်းဟာ ခြောက်ပေတော့အသာလေးကျော်မှန်းသိသာသည်ကြီးမား ကျယ်ပြန့်သောပုခုံး နှစ်ဖက် ယောကျာ်းပီသသော မျက်နှာအနေအထားတို့က တစ်မျိုးဆွဲဆောင်မှုရှိနေပြန်တယ်

အငြိုး
တကြိုးရွာချနေတဲ့မိုးရေတွေကို တောင်ဂရုမစိုက်နိုင်ပဲ မိုရမ်ဟာ သူရဲ့ အတိတ်က ပုံရိပ်တွေဆီပဲအာရုံရောက်နေလေရဲ့

သူရဲ့အိမ်ဟုသတ်မှတ်ထားသောနေရာ
စက်ဆုပ်ဖွယ်ကောင်းတဲ့ သေနတ်သံများ
ပြီးတော့ သွေးရောင်တွေ
မိသားစုသဖွယ်ချစ်ခင်ရသော သူငယ်ချင်းတွေဟာလည်း သစ္စာဖောက်တစ်ယောက်ကြောင့်အကုန် ဆုံးရှုံးကုန်ပြီ

"ငါဘာဆက်လုပ်ရမလဲ"

မဟုတ်ဘူး ငါဘာဆက်လုပ်သင့်သလဲ "

ရုတ်တရက် ဆိုသလိုသူ့မျက်နှာပေါ်ကိုစီးကျနေတဲ့ မိုးရေစက်တွေရပ်တန့် သွားတာကြောင့် သူ့မျက်နှာ ကိုအနည်းငယ်မော့လိုက်တဲ့အခါ

ထီးနီနီရဲရဲ ကိုကိုင်ထားတဲ့ လက်သေးသေးလေး
ထီးအောက်က ပတ္တမြား ရောင်တွေလိုလက်လက်တောက်နေတဲ့ မျက်ဝန်းတွေက သူ့ကို စိတ်ဝင်စား နေသလိုကြည့်နေလေရဲ့

အနီရောင်တွေက သူ၏ မလှမပ သော နေ့ရက်တွေဆီ အမှတ်ရစေတာမလို့ မိုရမ်သိပ်မုန်းတယ်

အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုပေမယ့် သူ့အတွက်တော့ငရဲပဲ

"ဟေး အစ်ကိုကြီး ဒီမှာဆက်နေရင် အအေးမိမယ် "

"သူများကိစ္စဝင်မပါပဲ ကျော်သွားလို့မရဘူးလား ကောင်လေး "

သူ့ကိုထီးမိုးပေးထားသောကောင်လေး ရဲ့အသက်က လူပျိုပေါက် လောက်ပဲရှိဦးမယ်
အလွန်ဆုံးရှိလှ ဆယ့်သုံးနှစ်လောက်ပေါ့

"အစ်ကို အိမ်ပြန်စရာမရှိဘူးလား ".

တစ်ဖက်သားရဲ့စကားကြောင့် သူ့အရှိုက်ကိုထိသွားရတယ်
အိမ်... အိမ်တဲ့လား

သူ့ရဲ့မိသားစုအရင်းက သူ့ကို ပစ်ထားတာကြာပြီလေ

"အဟက် ငါ့ဘာသာပျော်လို့ မိုးရေတွေကိုခံစားချင်လို့ဆိုရင်ကော? "
လူစွမ်းကောင်းသိပ်လုပ်ချင်နေဟန်တူတဲ့ကောင်လေး ကို အမြန်ဆုံးသွားစေချင်တာမလို့ ပြီးစလွယ်ပဲ သူပြန်ဖြေလိုက်တယ်

ရာဇဝတ်အရှင်Tempat cerita menjadi hidup. Temukan sekarang