6

337 7 0
                                    

ညအချိန်မှာ မှောင်စပြုနေခဲ့ပြီ။ ထုံးစံအတိုင်း tea လေးသောက်ကာ ဟေသဲ့စာအုပ်ဖတ်နေသည်။ အိပ်မပျော်နှင့် တူတူတော့ ညဖက် tea သောက်တတ်သည်မှာ အကျင့်ပါဖြစ်နေ၏။ Lotus ကိုလဲအမြဲဘေးတွင်ထားထားသည်။ ခဏနေလျှင် ဧည့်သည်လာမှာမို့ စောင့်ဆိုင်းနေကြခြင်း။ အမြဲတစ်ပတ်တစ်ခါလာနေကျသူဖြစ်သည်။

" ဟေ့ , သဲ့လေး ကိုနည်းနည်းနောက်ကျသွားတယ်"

ကိုယ့်အိမ်ကိုယ့်ရာလို အေးဆေးဝင်လာပုံထောက်တော့ ရင်းနှီးနေသူတစ်ယောက်ဖြစ်လောက်မည်။
အသက်သုံးဆယ်ရှိသည့်တိုင် ကြည့်ကောင််းနေဆဲ။ ဟင့်အင်း။ တော်တော်လေးကြည့်ကောင်းနေသည်။ ဆံပင်များကို ဂျယ်နှင့်သပ်ထားကာ ရှည်လျားသောအရပ်အမောင်းနှင့် ကိုယ်မှာမော်ဒယ်တစ်ယောက်အလား။ ထီးအနက်အရှည်ကို ထီးချိတ်တွင်ချိတ်ထားခဲ့ပြီး ကုတ်အကျီအမဲရောင်ကိုချွတ်ကာ ဟေသဲ့ဘေးတွင် သက်တောင့်သက်သာဝင်ထိုင်လေ၏။

" ခန့်သွေး Tea? "

"မသောက်တော့ဘူး"

ဟေသဲ့ကိုလက်ကာပြလိုက်သည်။

"ဘယ်တော့စမှာလဲ "

"အခုစရင်စလို့ရပြီလေ မနားတော့ဘူးလား အခုမှရောက်ပြီးတော့ "

"မနားတော့ဘူး"

ဟေသဲ့ သောက်လို့ကုန်သွားသည့် ခွက်လေးကို Lotus ကိုလှမ်းပေးလိုက်သည်။ Lotus လဲဘေးမှ စားပွဲခုံပေါ်တင်ကာ ဟေသဲ့ထိုင်နေသည့် စိုဖာနောက်တွင် ပြန်ရပ်ကာနေသည်။

"လာလေ"

ခန့်သွေးသူ့ပေါင်ကို ပုတ်ပြကာခေါ်နေသည်။ ဟေသဲ့လဲ ခန့်သွေးပေါ်ထိုင်လိုက်ပြီး လည်ပင်းကိုသိုင်းဖက်လိုက်သည်။ ဟေသဲ့ရဲ့ ခါးကိုလက်တစ်ဖက်နှင့်တင်းတင်းဖက်ကိုင်ထားပြီး နောက်တစ်ဖက်နှင့် ခေါင်းကိုထိန်းကိုင်ရင်း နမ်းလိုက်သည်။ ထိကပ်မွှေနှောက်နေသော နှုတ်ခမ်းသားနှစ်စုံသည် ဖြေးညင်းစွာ လှုပ်ရှားနေ၏။ ဟေသဲ့နမ်းနေရင်းမှ မျက်စိရှေ့တွင်ရပ်နေသော Lotus ကိုမျက်လုံးချင်းစုံအောင် စိုက်ကြည့်သည်။ ခန့်သွေးကတော့ ကျောခိုင်းထားသဖြင့် Lotusကိုမမြင်။ မြင်လဲဂရုစိုက်မယ့်ပုံမပေါ်။ နှစ်ယောက်သား အကျီများမရှိတော့။

As U Wish, SirWhere stories live. Discover now