💛20💛

1.1K 123 0
                                    

"CEO Park ဒီနေ့ညနေ အရေးကြီးအစည်းအဝေးရှိပါတယ်"

"အင်း အင်း"

ဖုန်းဆက်နေရင်းနဲ့ပင် အတွင်းရေးမှူးချွဲစကားကိုခေါင်းငြိမ့်ပြလိုက်သည်။ အတွင်းရေးမှူးလဲ ခေါင်းငုပ်ကာ ဦးညွှတ်လိုက်ပြီးနောက် ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။

"အအေးသွားဝယ်တာ အဲ့လောက်တောင်ကြာသလား"

အအေးသွားဝယ်မယ်ဆိုပြီး ထွက်သွားတဲ့Baekhyunက မြန်မြန်ပြန်လာခဲ့မယ်ဟုလဲ ပြောပြီး အခုဆို နာရီဝက်တောင်ကျော်နေပြီ။ဆိုင်က အဝေးကြီးလဲမဟုတ် ဒီCompanyရဲ့အောက်ထပ်ဆုံးမှာဘဲလေ။ ပြီးတော့အအေးမှာပြီး ပြန်လာရင်တောင် မိနစ်နှစ်ဆယ်လောက်ဘဲကြာမှာ။အခုဆို တော်တော်ပင် အချိန်ကြာနေတာမို့ Chanyeolတစ်ယောက်ထိုင်ရမလို ထရမလို လိုက်ဘဲလိုက်သွားရမလိုပင်ဖြစ်နေသည်။ စားပွဲခုံရှေ့ ဟိုဘက်သွား ဒီဘက်သွားနဲ့ စဉ်းစားနေခိုက် တံခါးလေးကို ကိုယ်လုံးလေးနဲ့တိုက်ကာဝင်လာတဲ့ Baekhyunက လက်နှစ်ဖက်မှာ Snackမုန့်ထုပ်‌တွေရော အအေးဘူးရောနဲ့ ပြည့်နေသည်။

"အဟဲ!"

သူ့အပြစ်ကိုသူသိလို့ Baekhyunသည် Chanyeolအားမျက်နှာချိုသွေးလျက် ရယ်ပြသည်။Chanyeolမျက်မှောင်ကျုံ့၍ လက်ယက်ခေါ်လိုက်တော့ လက်ထဲကမုန့်ထုတ်တွေရော အအေးဘူးလေးရောကို စားပွဲခုံပေါ်ချ၍ Baekhyunတလိမ့်လိမ့်နဲ့ပြေးသွားကာ Chanyeolရင်ခွင်ထဲပစ်ဝင်တော့ Chanyeolမှာ လက်ယက်ခေါ်နေရင်း‌ကြောင်တောင်တောင်ဖြစ်သွားသည်။

"အာဂူးးးမတွေ့ရတာ နာရီဝက်တောင်ရှိပြီနော်..လွမ်းလိုက်တာ ... ငါ့ကောင်လေးရယ်"

Chanyeolရင်ခွင်ထဲကBaekhyunစကားလေးကြောင့် ပြုံးယောင်သမ်းတော့မဲ့ မျက်နှာကို ပြန်တည်လိုက်ရင်း ရင်ခွင်ထဲက အချွဲလေးကို ပုခုံးကနေဆွဲယူပြီးခွာကာ မျက်နှာချင်းဆိုင်ပြီးကြည့်လိုက်တော့ ထိုအချွဲလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ရယ်ပြသေးသည်။

မဖြစ်ဘူး Chanyeol ... ပျော့သွားလို့မဖြစ်ဘူး ... ဒီလိုအတိုင်းသာဆို Baekhyunကငါ့စကားနားမထောင်ဘဲနေလိမ့်မယ် ... မဖြစ်ဘူး ငါဘက်ကပျော့သွားလို့မဖြစ်ဘူး...။

Hello! Mr.Park (Complete)Where stories live. Discover now