💛14💛

1.3K 170 0
                                    

Baekhyun သူ့အားထီးမိုးပေးထားတဲ့Chanyeolကိုကြည့်လျက် ငိုချင်စိတ်တွေကတဖွားဖွားမြင့်တက်လာတာမို့ ထွက်သွားရန်လုပ်တော့ လက်တစ်ဖက်ကိုလှမ်းဆွဲခံလိုက်ရသည်။

"ဒါဘယ်လဲ"

Chanyeolကရုပ်တည်နဲ့မေးတော့ Baekhyunခေါင်းငုပ်လျက်ပင် ခေါင်းခါပြသည်။

"ဒါဆို ကိုယ်နဲ့လိုက်ခဲ့"

Chanyeolဇွတ်တရွတ်ခေါ်မှုနောက် Baekhyunယက်ကန်ယက်ကန်နဲ့ပါသွားခဲ့သည်။

ပြာအိုတွေထားတဲ့ နေရာရောက်တော့ ခုံလို့ထင်ရတဲ့ အုတ်နဲ့ပြုလုပ်ထားတဲ့နေရာသို့ နှစ်‌‌ယောက်သားသွားလိုက်ပြီးChanyeolအရင်ထိုင်လိုက်ပြီးနောက် Baekhyunကိုဆွဲချလျက်ထိုင်ခိုင်းလိုက်သည်။

"ဒီလောက်မိုးတွေရွာ‌နေတာကို ဘာလို့ပေတေပြီးထိုင်နေရတာလဲ"

Chanyeolကပြောပြီးပြီးချင်းပင် လက်ထဲကအဝါရောင် ထီးလေးအားပိတ်လိုက်ပြီး မိုးရေစိုနေတဲ့Baekhyunဆံပင်လေးကို ဖွပေးလိုက်သည်။

Chanyeolထီးပိတ်လိုက်တဲ့အချိန်မှာတော့Baekhyunကထိုထီးလေးကိုသေချာစူးစိုက်ကြည့်နေမိသည်။နောက် Chanyeolကသူ့ခေါင်းကိုလာထိတာမို့အလန့်တကြားနဲ့မော့ကြည့်မိတော့ Chanyeolနဲ့အကြည့်ချင်းဆုံတာမို့ အမြန်ခေါင်းငုပ်ချလိုက်ရသေးသည်။

"ကယ် နည်းနည်းတော့ခြောက်သွားပြီ နောက်တစ်ခါဒီလို ထိုင်မနေနဲ့ ဘယ်သွားသွားထီးဆောင်သွား ရာသီဥတုက ပုံမှန်မဟုတ်ဘူး"

Chanyeol ဘာပြောပြောBaekhyunကတော့ ခေါင်းငုပ်လျက်ပင်။

"အအေးမိရင်ဘယ်လိုလုပ်မလဲ ကိုယ့်ကိုစိတ်ပူအောင်လုပ်တာလား"

"ဘာလို့Mr.Parkကစိတ်ပူရမှာလဲ Mr.Parkနဲ့ကျွန်တော်နဲ့က ဘာဆိုင်လို့လဲ အလုပ်ရှင်နဲ့အလုပ်သမားမို့လို စိတ်ပူတယ်ဆိုလဲ ရတယ် ကျွန်တော့ကို စိတ်ပူစရာမလိုပါဘူး"

Chanyeolစကားကို ပတ်ကနဲ တုန့်ပြန်လိုက်ပြီး Baekhyunအခြားတစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။ငိုတော့မဲ့သူ့မျက်နှာအား Chanyeolမြင်လျင် သူ့အား ပျော့ညံ့တဲ့လူလို့ထင်မှာကို မလိုလား။

အတတ်နိုင်ဆုံးခေါင်း‌ကိုမော့ထားလျက်ပင် ဝေ့ဝဲနေတဲ့မျက်ရည်တွေကိုမကျအောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့်ထိန်းနေရသည်။

Hello! Mr.Park (Complete)Where stories live. Discover now