အပိုင်း(၁၆)

En başından başla
                                    

တစ်ကယ်ပြောချင်နေတဲ့ စကားတွေရဲ့ ဆယ်ပုံပုံတစ်ပုံလောက်ကိုသာ ပြောခဲ့ပြီးလှည့်ထွက်လာခဲ့သည်။

"ဂျီမင်းhyung ကျွန်တော့်ကိုမုန်းသွားလောက်ပြီပေါ့"

ခွပ်.......

ထိုစကားကြားကြားချင်း ထယ်ယောင်းနောက်ပြန်လှည့်ကာ တစ်ချက်ထပ်ထိုးလိုက်သည်။ ဒီတစ်ခါသတိထားတာမို့ ဂျောင်ကုပစ်လဲတဲ့အထိဖြစ်မသွား ဘေးကခုံကိုသာ လက်ထောက်ပြီးထိန်းထားရသည်။ ဒီတစ်ချက်က ခုနတစ်ချက်ထပ်ပိုနာသလိုပဲ။ ဘယ်လောက်ပြင်းသလဲဆို နှုတ်ခမ်းထောင့်ပါ ပေါက်ထွက်သွားရတဲ့အထိပင်။ ကိုကိုသာသိရင် သေချာပေါက် ထယ်ယောင်းhyungကိုစိတ်ဆိုးတော့မှာ။

"ဘာမဟုတ်တဲ့ စာချုပ်တစ်ခုရဲ့ထောင့်က လက်မှတ်တွေကြောင့် ဂျီမင်းကမင်းအပေါ်အချစ်ပေါ့မယ်ထင်နေလား မင်းကသူ့အချစ်တွေကို ဒီစာချုပ်လေးတစ်ခုနဲ့ ဘောင်ခတ်အနားသတ်ပစ်လိုက်တာလားဟေ့ကောင် ခံစားချက်တွေနဲ့ယှဥ်လာရင် ဘာစာချုပ်စာတမ်းကမှ အကျုံးဝင်ခဲ့ရိုးထုံးစံမရှိဘူး ကြယ်တွေကိုသာ ရေတွက်လို့ရရင်ရမယ် မင်းအပေါ်ထားတဲ့ ဂျီမင်းရဲ့အချစ်တွေကို ရေတွက်ကြည့်မယ်ဆိုရင်တော့ မင်းဝိဥာဥ်လွင့်ထွက်ပြီး ရုပ်နဲ့နာမ်သာတစ်စဆီဖြစ်သွားမယ် ရေလို့ရမှာမဟုတ်ဘူးရှင်းလားငါပြောတာ"

ခုံကိုအားပြုပြီးရပ်နေတဲ့ ဂျောင်ကုကို အကျီ ်ကော်လံစမှဆောင့်ဆွဲကာ ထယ်ယောင်းပြောဆိုမိသည်။

ပုံမှန်အချိန်မှာတောင် ခန့်ညားလှပြီးတည်တံ့နေတဲ့မျက်နှာချောချောက ဒေါသအရှိန်ကြောင့်မဆိုသလောက်နီပြီး အံကိုကြိတ်ထားတာကြောင့် ထင်းနေတဲ့မေးရိုးတို့နဲ့ အလွန်တရာကိုမှ ကြည့်လို့ကောင်းနေတယ်ဆိုပေမယ့် အညိုရောင်မျက်လုံးတွေကတော့ စူးရဲကာ အပြိုင်ကြည့်မိတဲ့သူကို ဒူးချောင်ကျအောင်လုပ်နိုင်တဲ့ အငွေ့အသက်တို့ကအပြည့်။

ကော်လံစကို စုပ်ကိုင်ထားတဲ့ လက်တွေကကျစ်ကျစ်ပါအောင်ဆုပ်ထားတာမို့ လက်ခုံမှာပေါ်နေတဲ့ သွေးကြောစိမ်းစိမ်းတွေက ကင်ထယ်ယောင်းရဲ့ယောကျာ်းပီသမှုကို ကောင်းကောင်းကြီးထောက်ပြနိုင်တဲ့ အမှတ်အသားတွေ။ ပတ်ဂျီမင်းအပေါ် စိတ်လေးနဲ့ငြိုငြင်မိတာတောင် ခြေပါလက်ပါတွေဖြစ်တတ်တဲ့ထိုသူက ပတ်ဂျီမင်းကိုဘယ်လောက်ချစ်ပြီး ဘယ်လောက်အလေးပေးကြောင်း သိနိုင်သည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteHikayelerin yaşadığı yer. Şimdi keşfedin