🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!

Start from the beginning
                                    

နွေဦး ဆေးရုံကပြန်ရောက်ရောက်ချင်း မေမေနဲ့ Vedio callပြောဖြစ်တယ်။မေမေနဲ့ရိုးရိုး ဖုန်းကိုတော့သိပ်မကြာမကြာပြောလေ့ရှိပေမဲ့ နွေဦး စိတ်ထဲမှာ ကြည်လင်နေတဲ့ အခံရှိနေတာမို့ Vedio callခေါ်ဖြစ်လိုက်တယ်။

သူ့အမေကတော့ အမြဲလှနေတာပဲ...သားအမိချင်းမို့နွေဦးပြောတာမဟုတ်ပေမဲ့ နွေဦး ရဲ့ ချောမောခန့်ြငားမှု၉၀ ရာခိုင်နှုန်းလောက်က မေမေ့ဆီက ရလာတာလို့ပြောလို့ရတယ်။မေမေကတော့သူ မခေါ်စဖူး Vedio callခေါ်တာမို့ ဝမ်းသာအားရနဲ့မျက်နှာလေးပြုံးရွှင်နေတော့တယ်။ပြုံးနေတဲ့မေမေ့ကိုကြည့်ကာသူစိတ်မကောင်းဖြစ်မိသွားပြီး မကြာခဏ ဒီလိုခေါ်ဖို့ တွေးမိလိုက်တယ်။

"မေမေ ရေချိုးပြီးခါစလား..သနပ်ခါးတွေနဲ့ ငါ့မေမေကတော့လှနေရောပဲ..ဒါကြောင့် ဦးမိုးက စိတ်မချနိုင်ဖြစ်နေသေးတာဖြစ်မယ်"

သူ့မေမေကရှက်ကိုးရှက်ကန်းနဲ့ ရယ်ပြီး 'ဟဲ့ကောင်လေး'လို့ဟန့်တယ်။
"သားစားပြီးပြီလား"

"စားဖို့နေနေသာသာ ခုမှဂျုတီထွက်လာတာမေမေ"

"သြော်..ရာသီဥတုရော အခြေအနေ"

"ဒီလိုပါပဲ အေးစိမ့်စိမ့်လေးပေါ့ ကျွန်တော်တို့ကတော့နေသားကျနေပါပြီ.."

"နေသားကျပေမဲ့ ကိုယ့်ကိုကိုယ်ဂရုစိုက်နော်နွေဦး...သားမှာက ဂရုစိုက်ပေးမဲ့လူကရှိသေးတာမဟုတ်ဘူး..ကိုယ့်ကိုကိုယ်ပဲဂရုစိုက်ရမှာ..ထမင်းဟင်းရော ချက်စားဖြစ်လား..ခေါက်ဆွဲတွေချည်းစားမနေနဲ့"

မေမေ့ရဲ့ ဓါတ်ပြားဟောင်းကိုမရိုးနိုင်အောင်နားထောင်ရင်း နွေဦးသတိရမိတာ မိုးပင်လယ်ပါပဲ။ဂရုစိုက်ပေးမဲ့လူကတော့ရှိနေပြီလို့ စိတ်ထဲမှာတွေးမိတော့ အတွေးကနွေဦး နှုတ်ခမ်းတွေနဲ့ မျက်ဝန်းတွေထိပါကူးစက်ကုန်တယ်။မေမေက မျက်လုံးဝိုင်းသွားပြီး..
"ဟယ်...သားလေး ဂရုစိုက်ပေးမဲ့သူတွေ့ထားပြီလား..ရှိနေပြီလား"

နွေဦး အဖြေရခက်စွာ နဲ့ ရယ်ပဲရယ်နေတော့ မေမေကလဲ ရယ်ပြီး သူသိချင်တာကိုပဲနည်းမျိုးစုံနဲ့လှည့်ပတ်မေးနေတော့တယ်။အဲ့အချိန်မှာပဲ မိုးပင်လယ် အိမ်ပြန်လာတယ်။နွေဦး ​ဖုန်းကို စားပွဲပေါ်မှာထောင်ထားလိုက်ပြီး မိုးပင်လယ်ကိုပြုံးပြလိုက်တော့ သူ့ဆီတန်းလာကာ ထုံးစံအတိုင်းဘေးမှာဝင်ထိုင်လိုက်ပြီး ...
"နွေဦး ညစာစားပြီးပြီလား"

?Daffodils[Complete]Where stories live. Discover now