ဒုတိယအတွဲ Part 16

Depuis le début
                                    

သူအဖြေကြောင့်သားလေးပြုံးရယ်လာ၏

" ဟီးဟီး..မနက်ဖြန်ကျရင် သားကိုသူတို့ရှေ့မှာ
တန်ဖိုးကြီးရတနာတွေ ဝယ်ပြီးဆင်ပေး "

" သားက ကျောင်းသားပဲရှီသေးတယ်လေ "

သားလေးနှုတ်ခမ်းဆူသွား၏ သားကဒါတွေ
မမက်ပါဘူး။ အခုသားဖြစ်ချင်တာထူးဆန်းနေ၏
ဦးကောင်းရန်ပဲ နားလည်စွာ ခေါင်းညိတ်လိုက်လေသည်။

" ကောင်းပါပြီ..ပါပါးသားလေးစိတ်ကြိုက်ဖြစ်စေရမယ် "

သားလေးပြုံးသွားလေ၏

" ပါပါးဆန္ဒလည်း သားကဖြည့်ဆည်းပေးရမယ် "

" ဘာလဲ "

" အစာစားဖို့လေ "

ဝေ့ရင်းက ပါးစပ်ကပြောထွက်လာသည်။

" ဝက်သားခေါက်ဆွဲ.."

" ပါပါးသားကအမဲသားခေါက်ဆွဲ "

" ဖြစ်စေရမယ် "

ဦးကောင်းရန်သားစားချင်တာ စီစဥ်ခိုင်းလိုက်သည်။

ကျယ်ဝန်းလှသောဧည့်ခန်းမှာ မိသားစုစုံညီစွာရှီလေ၏

" အစ်ကို သစ်သီးစားပါအုန်း "

ဒေါ်ယွင်းယုံက သစ်သီးကိုခရင်းနဲ့ယူကာ
ဦးကောင်းရန်ပါးစပ်နားရောက်အောင်လှမ်းလိုက်သည်။

" နောက်မှစားမယ် "

ဒေါ်ယွင်းယုံတို့သားအမိရှေ့တွင် သားလေးကို ရတနာဗူးလက်ဆောင်ပေးလိုက်သည်။

" ဟွား လှလိုက်တာ "

ဒေါ်ယွင်းယုံနဲ့သူ့သမီးယူမီမျက်လုံးသည် ရတနာဗူးကိုကြည့်နေတဲ့အကြည့်ကမခွာပေ။

" ပါပါး ဒါသားပိုင်တယ်နော် "

" ဒါပေါ့..ပါပါးသားအပိုင် "

Yibo ရတနာဗူးထဲက လက်စွပ်ကိုယူကာ
သူ့ဘေးနားမှာထိုင်နေသည့် ဝေ့ရင်းလက်ကို
လှမ်းဆွဲကာ ဝတ်ပေးလိုက်သည်။

" ကြိုက်လား ဝေ့ရင်း "

"အရောင်ကဖြိုးဖြိုးဖျက်ဖျက်နဲ့ အရမ်းကြိုက်တယ် "

" တန်ဖိုးအကြီးဆုံးစိန်ပဲ..ဝေ့ရင်းက
အ​ကောင်းကြိုက်သားပဲ "

ပင်လယ်မင်းသားလေးOù les histoires vivent. Découvrez maintenant