"အလောတကြီးချည်း ဘယ်သွားစရာရိှလို့လဲသခင်လေးက"

"ဟို...ဟို မနက်ဖန်၀မ်ရိပေါ်ကို သွားတွေ့ရ
မယ့်နေ့မို့လေ ငါဘာ၀တ်ရမှန်းမသိလို့"

"သခင်လေးကတော့ရှင်... ချင်းအာကတော့ ဘာများလ​ဲလို့ ရိှုက်ကောဆီသွားမှာများ သူခင်လေးဘာမှမ၀တ်ပဲသွားရင်တောင် ရိှုက်ကောကကြည့်လို့၀မှာမဟုဖူး"

ချင်းအာကရယ်ရယ်မောမော ပြောရင်း သူဖွထားတဲ့အ၀တ်တွေကို သွားသိမ်းသည်။

ရှောင်းကျန့်လည်း ချင်းအာစကားကြောင့်ဘာဆက်ပြောရမှန်းမသိတောင်ဖြစ်သွားသည်။တကယ်ဆို သူငယ်ချင်းကိုသွားတွေ့သည်ပဲ ဒီလောက်ထိပြာယာခတ်နေစရာမှမလိုတာ။

ချင်းအာ မျက်လုံးထဲမှာ သူ့ပုံစံကဘယ်
လောက်တောင်ရယ်စရာကောင်းနေမလဲ
မသိ။

အား....ရှောင်းကျန့်အခုပြန်တွေးကြည့်မှ ရှက်စရာကောင်းမှန်းသိတော့သည်။တကယ်ကိုခုနက ရှောင်းကျန့်ခေါင်းထဲရေ၀င်သွားလို့ ၀မ်ရိပေါ်ဆီသွားဖို့ ဘာ၀တ်ရမလဲကိုစဥ္းစားနေတာနေမှာ မဟုတ်လည်းသူ့ခန္ဓာကိုယ်ထဲ တခုခု၀င်သွားလို့ဖြစ်မယ်။

မသိဖူး မသိဖူး ဒီတိုင်းဒီညအိပ်ပျော်သွားရင် ရပီ....စောင်ကို ခေါင်းထိလုံအောင်ခြုံလိုက်ပြီးမျက်စိအလုံးစုံကို မှိတ်လိုက်သည်။

"သခင်လေးရှောင်း အိပ်မပျော်ရင် သိုးလေးတွေရေကြည့်လေ သိုးတကောင် ၂ကောင်"

အား.... လွန်ခဲ့တဲ့ညတွေတုန်းက အိပ်မပျော်ရင်လုပ်ဖို့ဆိုပီး ၀မ်ရိပေါ်ပြောတဲ့စကားတွေဟာ နားထဲပြန်ကြားယောင်နေပြန်သည်။

ရှောင်းကျန့်က တကယ်ကိုရူးသွားတာနေမယ် ခုနကလည်း ၀မ်ရိပေါ်ဆီသွားတွေ့ဖို့ အကျီကို ဘာ၀တ်ရမလဲသူကိုယ်တိုင်ရွေးနေပြီး အခုလည်းစောင်ခေါင်းမူးခြုံထားတာတောင် ၀မ်ရိပေါ်အသံကိုကြားယောင်နေပြန်ပီ။

တကယ်ကို... သူ သမားတော်တယောက်ယောက်နဲ့ပြကြည့်ဖို့ လိုနေပြီ။

{ 17 }

မနေ့ညအတင်းအိပ်ခဲ့လို့လ မသိပေမယ့်မနက်ခင်းလည်းခါတိုင်းထက်အစောကြီးနိုးနေပြန်သည်။

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now