ဒုတိယအတွဲ Part 15

ابدأ من البداية
                                    

"  ဝေ့ရင်းကလည်း ငါ့ကကျောင်းတက်နေတာလေကျောင်းတက်ရင်စာလုပ်ရတယ် အဲ့ဒါမှဘွဲ့ရမှာပေါ့
ယူဆော့ကလည်း ငါနဲ့အတန်းတူတော့
စာအတူတူလုပ်တာပါ "

" ကျွန်တော်လည်းသခင်လေးလိုစာတက်ချင်တယ် "

" စိတ်ရှုပ်စရာကြီးပါဝေ့ရင်းရာ
ငါတောင်မသက်သာလို့ "

ဒေါက်..ဒေါက်

တံခါးခေါက်သံကြားတာကြောင့် ဝင်လာခိုင်းလိုက်သည်။

" ကိုယ့်ကိုမစောင့်ပဲပြန်သွားလို့ နေမကောင်းဘူးမှတ်နေတာ ဝက်သလုံးခေါက်ဆွဲဝယ်လာတယ်  "

ယူဆော့ပုံစံက သူကိုစိုးရိမ်နေတဲ့ပုံပေါက်သည်။
ခေါင်းထဲမှာ မိထွေးသားကိုနှိပ်စက်ဖို့
အကြောင်းပေါ်လာသည်။

" အစ်ကိုလေး ဝက်သားခေါက်ဆွဲအရမ်းကောင်းတယ် "

အားယွင့်  အစားအစာကိုယူလာပြီးစားပွဲပေါ်တင်လိုက်သည်။ ဝေ့ရင်းမျက်လုံးအရောင်လဲ့လာပြီး
အစားအစာကို သွားငမ်းနေသည်။

" ကျွန်တော်က အမဲသားခေါက်ဆွဲပဲစားတာ
ဝက်သားမကြိုက်ဘူး "

" ကိုယ်တောင်းပန်ပါတယ် အခုချက်ခြင်း
သွားဝယ်လိုက်မယ် "

ယူဆော့အပြင်ထွက်သွားသည်။

"  အစ်ကိုလေးတကယ်မစားဘူးလား အသားတွေ
အများကြီးပဲ "

အားယွင့်မေးတာမဖြေခင် ဝေ့ရင်းက သူကိုလှည့်
ကြည့်သည်။

" တို့ဝေ့သခင်ကြီးက အရမ်းစားချင်လွန်းလို့
လျှာတောင်သပ်နေပြီ စား..စား "

Yibo ခွင့်ပြုချက်ရတာနဲ့ ဝေ့ရင်း ခေါက်ဆွဲပန်းကန်ယူကာ
ခေါင်းမဖော်တမ်းစားနေသည်။

" ဟွား..တန်းကုန်သွားတာအဲ အစ်ကိုကခေါက်ဆွဲကြိုက်တာလား "

အားယွင့်မေးတော့ ဝေ့ရင်းပြုံးပြီးခေါင်းအသွင်သွင်ညိတ်ကာ ဖြေသည်။

" ကြိုက်တယ်..သိပ်သိပ်ကြိုက်တယ် "

ဝေ့ရင်းက အစ်ကိုယူဆော့ယူလာတဲ့ အမဲသားခေါက်ဆွဲပန်းကန်ကို ကြည့်နေပြန်သည်။

" ကျေးဇူးပဲအစ်ကို ဒါပေမဲ့ဝေ့ရင်းကမဝသေးဘူး
ဝက်သားလုံးခေါက်ဆွဲ ထက်ဝယ်ပေးပါ့လား "

ပင်လယ်မင်းသားလေးحيث تعيش القصص. اكتشف الآن