☕Love Museum❤Part 92(I)

En başından başla
                                    

သက်ပြင်းချကာ ဟို​ကောင် ငရုတ်သီးကိုပဲ ကြိတ်မှိတ်ဆဲရင်းနဲ့ ခိုင်းမယ်​တွေးပြီး ​လှေကားက​နေဆင်းလိုက်​တော့ သ​ကောင့်သားနဲ့က တည့်တည့်လာတိုးရပြီ......

ခုချိန်ထိ စားလို့​သောက်လို့ မပြီး​သေးတာလားလည်းမသိ လက်၂ဖက်လုံးကလည်း​​ပေပွလို့.......

🍷 : ​ဟေ့​ကောင် ငရုတ်သီး မင်း ခုထိမျိုလို့ မပြီး​သေးဘူးလား???

🌶 : ဖွီးးးး အဟွတ်အဟွတ်.....​အောင်မ​လေး သီးပြီ..... ​ဖြေး​​​ဖြေးသက်သာ​​မေးရင် ခင်ဗျား ​သေမှာစိုးလို့လား???

စားနေတာကို မြင်​နေရက်နဲ့ မေး​နေတယ်.... P'Ella က ပင်လယ်စာချဥ်စပ်ဝယ်​ကျွေးလို့ စား​နေတာဗျ...... ဂဏန်းလက်မနဲ့ ညှပ်လွှတ်လိုက်ရ.....

​ပြော​ပြောရွယ်ရွယ် လူကို လက်ထဲကိုင်လာတဲ့ ဂဏန်း​အကောင်ရဲ့ လက်မကို ဟပြီး ညှပ်ပြ​နေ​တော့ ​လာလမ်းအတိုင်း ပြန်​ရောက်​သွားအောင်လို့ စိတ်ရှိလက်ရှိ ​လှေကား​ပေါ်က​နေ ကန်ချလွှတ်ပစ်လိုက်ချင်စရာ​........

🍷 : ဟင်းစက်​​တွေ ကျ​ကုန်​အောင်လို့ကွာ......ဘယ့်နယ့်အ​ပေါ်ထပ်အထိပါ သယ်လာရတာလဲဟ!!! မင်း ဂဏန်းကို ဘယ်သူကလုစားမှာမို့လို့လဲ? ဥစ္စာရူးနဲ့​တော့ တကယ်.......

🌶 : ရူးရတယ်ဗျ....ရူးရတယ်....ကဲပါ ဖယ်ဖယ်ကိုယ့်စ​ကေးနဲ့ကိုယ်ဆိုရင် မကျဘူး! ခင်ဗျား​လေရှည်​နေလို့ ကျ​တော့မှာ.......

ကျွန်​တော့် အခန်းမှာထားထားတဲ့ အ​အေးဗူးလာယူတာ......အကို​လေးတို့ ဝယ်ထားတာ​တွေကြည့်ပဲ ယူပြီး​စား​သောက်​နေတာ ကြာ​တော့အားနာလို့​လေ......

🍷 : ​အော်​အေး...ကြွကြွ....

🌶 : အဟီးး ဟို မရိုမ​သေ​လေး ကျွန်​​တော့် အခန်းတံခါး​လေး လိုက်ဖွင့်​ပေးပါလားလို့ P'Reo~~~

🍷 : လဒ!!! ကြက်သီး​တွေ​တောင်ထတယ်.... ဘာသံနဲ့​ပြော​နေတာလဲ!!! လာ သွက်သွက်ဝင် သွက်သွက်ယူပြီး သွက်သွက်ဆင်း.....

ကြမ်းပြင်​ပေါ် ဟင်းစက်တစ်စက်​တွေ့လို့က​တော့ မင်းအ​သေပဲ......

🌶 : ​ကျိန်းလိုက်တာဗျာ.....​ကဲပါ ဟိုဗီရိုထဲက အ​အေးဘူးသာ အရင်သွားယူ​ပေးပါဗျ...... ဒီမှာ စပ်​နေရတဲ့အထဲ......

Classic Love 🖤 ❤Hikayelerin yaşadığı yer. Şimdi keşfedin