"ဟောဗျာ ဒီကလေးကတော့..."

"ရှောင်းကျန့်! မင်း မင်း တွေ့မယ်"

"အား ရိပေါ် ယားတယ်လို့... ရိပေါ်"

ရှောင်မာမားက တံခါးကို အသာဖွဖွလေးပြန်ပိတ်လိုက်ပြီးအောက်ထပ်ပြန်ဆင်းခဲ့သည်။

"ဒီကလေးနှစ်ယောက်ကတော့လေ
ကြာကြာလည်း မခေါ်ပဲနေနိုင်တာ မဟုတ်ပဲနဲ့"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

လပတ် စာမေးပွဲ

ရှောင်းကျန့်က နဂိုကတည်းက စာတော်သူမို့
အေးဆေးပင် ဖြေနိုင်သည်။
စာမေးပွဲခန်းမှ ထွက်လာပြီး စက်ဘီးထားတဲ့နေရာရောက်တော့ ရိပေါ်က မရောက်သေး။ သူ ရပ်စောင့်နေလိုက်သည်။

"ကော"

"လီယို "

"ကော ဖြေနိုင်လား"

"အေးဆေးပဲ လီယိုရော"

"ဘယ်သူမို့လို့လဲ လီယိုပဲလေ
Easy going ပဲ"

"အဲ့လိုပဲ ဖြစ်နေရမယ်"

"ကောသာ အမှတ်ထွက်လာရင် ဆုချဖို့ မမေ့နဲ့"

"ဟုတ်ပါပြီဗျာ ... နောက်နေ့တွေရော သေချာသာဖြေခဲ့ ကောက မမေ့ပါဘူး"

"ကော... ပြန်ကြစို့လေ
လီယို ဒီနေ့ စက်ဘီးမပါဘူး
ကောနဲ့ လိုက်ခဲ့လို့ရလား"

စာမေးပွဲ အချိန်ပြည့်ခေါင်းလောင်းသံကိုကြားလိုက်ရတာကြာပြီ။ ကျောင်းဝန်းထဲမှာလည်း ကျောင်းသားအနည်းငယ်သာ ကျန်တော့သည်။ ရိပေါ်က ပေါ်မလာ။ ပြန်သွားနှင့်တာများလား။ လီယိုကလည်း စက်ဘီးမပါဘူးဆိုတော့ အရင်လိုက်ပို့နှင့်လိုက်မည်။ရှောင်းကျန့် အိမ်ရောက်မှ ရိပေါ်ပြန်မရောက်သေးဘူးဆိုလျှင် တစ်ခေါက် ပြန်ကြိုမည်ဟု ဆုံးဖြတ်လိုက်သည်။

"အွန်း... ရတာပေါ့ လာ တက်"

"လီယို နင်းပါမယ် ကောရဲ့"

"ကောနင်းလိုက်ပါမယ် ရပါတယ်"

"လီယို နင်းချင်လို့ပါ"

"အဲ့တာဆိုလည်း သဘောရှိပါဗျာ"

လီယိုက သူတို့အိမ်ရှေ့ရောက်တော့ စက်ဘီးကိုရပ်လိုက်သည်။

"ကော... တာ့တာ
နက်ဖြန်အတွက် Good luck နော်"

"အင်း...you too "

ရှောင်းကျန့် အိမ်ဘက်မသွားပဲ ရိပေါ်တို့အိမ်ဘက် တန်းဝင်ခဲ့သည်။ဝမ်မားကိုမေးတော့ ရိပေါ်က ပြန်မရောက်သေးဘူးဆိုတာနဲ့ ကျောင်းဘက် တစ်ခေါက်ပြန်ကြည့်ရန် စက်ဘီးနဲ့ ပြန်ထွက်ခဲ့သည်။

စက်ဘီးတောင် ခြံအပြင်မရောက်သေး၊ ရိပေါ်နှင့်တန်းတိုးသည်။ရိပေါ်က တစ်ကိုယ်လုံး ချွေးတွေရွှဲနေသည်။

" ရိပေါ်... ငါ မင်းပြန်..."

ရိပေါ်က ရှောင်းကျန့်ကို လှည့်တောင် မကြည့်ပဲ အိမ်ထဲတန်းဝင်သွားသည်။
ရှောင်းကျန့်လည်း ရိပေါ်နောက် အပြေးလိုက်ရသည်။

"ရိပေါ် "

"ငါ့ကိုတောင် မစောင့်နိုင်ပဲ အတင်းပြန်သွားတယ်ပေါ့"

"မဟုတ်ပါဘူး...  ငါမင်းကို ခု လာကြို..."

"ဘာလဲ... ငါက တင်မနင်းလို့
တင်နင်းတဲ့သူနောက် လိုက်သွားတာလား"

"ရိပေါ် ငါပြောတာ နားထောင်ဦး
စိတ်မဆိုးနဲ့ "

"ဘယ်သူက စိတ်ဆိုးနေလို့လဲ"

"အေးပါ... ဟုတ်ပါပြီ
ငါမင်းကိုစောင့်နေတုန်း လီယိုက စက်ဘီးမပါဘူးဆိုလို့ လိုက်ပို့တာ
ပြီးမှ မင်းကို လာကြိုမလို့လေ
မင်းကလည်း ဒီနေ့တော်တော်နဲ့ပေါ်မလာဘူး"

"ဆရာ့ကိုကူပြီး အဖြေလွှာတွေ ရုံးခန်းကိုလိုက်ပို့နေရလို့"

"ဪ... အေးပါ စိတ်မဆိုးနဲ့တော့"

"ဘယ်သူက စိတ်ဆိုးနေလို့လဲလို့
ရှောင်းကျန့် သွား မင်း ပြန်တော့"

"ပြန်မှာပါ... ပြန်မှာပါ
ဒါနဲ့ မင်းချွေးတွေရွှဲနေတာပဲ
ပြန်လာတာလည်း မြန်လိုက်တာ
မဟုတ်မှ ငါတို့စက်ဘီးနောက်က ပြေးလိုက်လာတာလား"

"မင်း...မင်းတို့နောက် ဘာလို့လိုက်ရမှာလဲ
ငါ့ဘာသာ လေ့ကျင့်ခန်းလည်း လုပ်ပြီးသားရအောင် ပြေးလာတာ"

"ဪ...ဪ... နေ့ခင်းကြောင်တောင်ကြီး
လေ့ကျင့်ခန်း သိပ်လုပ်ချင်နေတယ်ပေါ့"

"ရှောင်းကျန့်!!"

"ပြန်ပါပြီ... ပြန်ပါပြီ
တကတည်း"

By Fair Means or Foul || Completed ||Where stories live. Discover now