(9)

3.2K 519 256
                                    

( Unicode )

ချန်းယောလ်မနက်ရုံးသွားဖို့အတွက်ပြင်ဆင်ပြီးအိပ်ခန်းထဲကနေထွက်လာခဲ့လိုက်သည်။

ခါတိုင်းလိုသူဝတ်မည့်အဝတ်အစားကအစမနက်စာစားဖို့ရာအဆုံးဂရုတစိုက်ပြင်ပေးမယ့်အယ်ရီကာကသူ့ဘေးနားမှာရှိမနေတဲ့အ တွက်ကြောင့်သူဟာမနက်စာကိုအပြင်မှာပဲဖြစ်သလိုစားရတော့မည်လေ။

အခြောက်အခြမ်းစားဖို့ရာပါမုန့်ရှိတာသိပေမယ့်လည်းမနေ့တည်းကစားထားတဲ့ပန်းကန်တွေကအစထမင်းစားစားပွဲပေါ်ပုံစံမပျက်ဘဲရှိနေတာကိုမြင်ပြီးချန်းယောလ်အပြင်မှာစားဖို့ရာသာသေချာသွားခဲ့သည်။

ညကြီးအချိန်မတော်ချန်းယောလ်အိမ်ကိုဂျွန်းဆစ်ရောက်လာရသည့်အကြောင်းအရင်းက တော့ ချန်းယောလ်နှင့်ဘမ်ဘီ့အကြောင်းကိုအယ်ရီကာသိအောင်လာပြောခြင်းဖြစ်နေ သည်။

ပြဿနာ၏အရင်းအမြစ်ကိုမသိသွားပေမယ့်လည်းအယ်ရီကာဟာ ချန်းယောလ်ကိုစိတ် ဆိုးသည့်အနေနှင့်ခဏခွဲနေမယ်ဆိုပြီးအိမ်ပေါ်ကနေဆင်းချသွားသည်။

ဂျွန်းဆစ်ကြောင့် ချန်းယောလ်ဟာတိကျပြတ်သားတဲ့အဖြေတစ်ခုကိုရွေးရတော့မည့်အချိန်တစ်ခုကိုရောက်ရှိလာခဲ့ပြီလေ။

စိတ်ထဲမှာ အယ်ရီကာထက်ဘမ်ဘီ့ကိုရွေးခြယ်ဖို့ရာကိုပိုပြီးအားသန်နေခဲ့ပေမယ့်လည်းဘမ်ဘီကလက်ရှိမှာခင်ပွန်းသည်နှင့်ကလေးလေးတစ်ယောက်လည်းရှိနေတာကြောင့်ချန်းယောလ်မှာရှေ့ဆက်တိုးမည့်ကိစ္စတွေကိုအားမလိုအားမရဖြစ်နေသည်။

အတွေးတို့ခေါင်ခိုက်ရင်းတရွေ့ရွေ့မောင်းနှင်နေတဲ့ကားလေးဟာ မီးပွိုင့်ကြောင့်တုံ့ခနဲရပ်သွားရပါ၏။

ရှေ့မှာပိတ်နေတဲ့ကားတန်းရှည်ကြီးကြောင့်သူဟာနောက်ငါးမိနစ်၊ဆယ်မိနစ်လောက်အ ထိစိတ်ရှည်ရှည်နှင့်စောင့်ရပေဦးတော့မည်။

မနက်စာလည်းမစားခဲ့ရသူမို့စိတ်ကလည်းလန်းဆန်းနေခြင်းအလျဥ်းမရှိ။

သက်ပြင်းကိုသာအကြိမ်ကြိမ်ချရင်းအိတ် ကပ်ထဲကဖုန်းကိုထုတ်ကာတစ်စုံတစ် ယောက်ကိုဖုန်းခေါ်လိုက်သည်။

The Husband [ COMPLEDED ]Where stories live. Discover now