Start from the beginning
သားရဲတစ်ပိုင်းလူသားငယ်လေး သင်နေပုံအားကြည့်နေသော အက်ဂါမှာ ဘာသာစကားကျွမ်းကျင်မှုပါရမီမရှိလျှင် ထိုအကောင်ငယ်လေးပြောနေသည်အား နားလည်မည်မဟုတ်ကြောင်း အပြည့်အဝယုံကြည်၏။
 သို့သော် အက်ဂါက ပြည့်ပြည့်ဝဝနားလည်ပြီး စိတ်လည်းရှုပ်သွားရ၏။ အကယ်၍ သူသာမှန်ကန်စွာ ကျင့်ကြံပါက သူလည်း သားရဲတစ်ပိုင်းလူသားလေးအဖြစ် ပြောင်းသွားမှာလား။ သားရဲတစ်ပိုင်းလူသားတစ်ယောက် ဖြစ်သွားမယ်။ အမလေးးဒါဘာနည်းလမ်းကြီးလဲ။
 ရှုရှုပြောသည့်စကားများက လုံးလုံးစိတ်ကိုဇဝေဇဝါဖြစ်စေသော်လည်း ကျင့်ကြံခြင်းက အက်ဂါအပေါ် အကျိုးရှိကြောင်းကိုတော့ ပြောသွား၏။ အက်ဂါအခြားအကြောင်းမတွေးချင်ပေ။ ကျင့်ကြံပြီးနောက် သူကြုံ​တွေ့ဖူးခဲ့သည့်မှတ်ဉာဏ်များကို ပိုမိုမှတ်မိလာ၏။
အက်ဂါက မှတ်ဉာဏ်အလွန်ကောင်းပြီး မြင်ဖူး၊ကြားဖူးသမျှ အကုန်မှတ်မိ၏။ သို့သော် အဆင့်ကျသားရဲဖြစ်ပြီးနောက် မှတ်ဉာဏ်များက တစ်စတစ်စတိမ်မြုပ်လာခဲ့၏။ သို့သော်ယခုတွင် သူ၏တိမ်မြုပ်သွားသောမှတ်ဉာဏ်များ ပြန်လည်ရရှိသွားခဲ့သည်။
အကျဥ်းချုံးပြောရလျှင် အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေး ပြောသည့်စကားလုံးတိုင်း အာရုံစိုက်မှတ်ရန်မလိုပဲ နားထောင်နေရုံမျှဖြင့် ပြတ်ပြတ်သားသားမှတ်မိနိုင်ပြီဖြစ်၏။ အက်ဂါအပျော်လွန်နေချေပြီ။ သူက နှစ်ကြာလာသည်နှင့်အမျှ အဆင့်ကျသားရဲတိုင်းကြုံတွေ့ရသည့် မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို ကြုံတွေ့ရတော့မည်မဟုတ်ပေ။
 "ကျွန်တော် ခင်ဗျားကို ဘယ်အဆင့်ထိကျင့်ကြံထားလဲ စစ်ပေးမယ်" ရှုရှုက ပြောလိုက်ပြီး "မလှုပ်ဘူး....မလှုပ်ဘူး"ဟု ထပ်ဆောင်းပြောကာ အက်ဂါမလှုပ်တော့မှ အနားကပ်လာ၏။
 ရှုရှုက မြွေကြီးကိုယ်ပေါ်တွင် လက်တစ်ဖက်တင်ကာ ဂရုတစိုက်စစ်ဆေးပေးလိုက်၏။
ရှုရှုစတင်ကျင့်ကြံစဥ်က အပူစီးကြောင်းမှာ တစ်နှစ်နီးပါး သူ့ကိုယ်ထဲလှည့်ပတ်နေခဲ့ပြီးမှ စွမ်းအင်ထုလေးဖြစ်ပေါ်လာခဲ့၏။ တစ်နှစ်ကြာမှ ရှုရှုက ကောင်းကောင်းကျင့်ကြံနိုင်ခဲ့သော်လည်း ​မြွေကြီးမှာ....။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now