တီ ကနဲ၀င်လာသော message လေးကို စက္ကန့်မခြား ဆော့ဂျင်၀င်ဖတ်သည်။
မီးစိမ်းလေးပဲ ထိုင်ကြည့်နေရလို့ ထင်ပါရဲ့
မင်းပို့တဲ့စာမြင်တာနဲ့ ရင်တွေ တစ်အားခုန်လာတာ...

" အင်း ဘာလို့လဲ ဂျောင်ကု "

သူကချက်ချင်း reply လာပင်မဲ့ ဂျောင်ကုက သူ့စာလေးကို ၀င်မဖတ်သေး..
သူမျှော်လင့်ချက် မဲ့သွားပြန်တယ်။

" ကော်ဖီဆိုင်ထိုင်မလား ဆော့ဂျင် "

တစ်ဖက်ကစာလေးကို ဖတ်ပြီးတာနဲ့ ဆော့ဂျင် သူ့အောက်နှုတ်ခမ်းကို သူဖိကိုက်မိသည်။

" ဘာလဲ သူက ငါနဲ့ ဒိတ်မှာလား?? ငါ့ကိုဖွင့်ပြောဖို့လား ?? "

အငြိမ်မနေနိုင်သော အတွေးများစွာနဲ့ ဆော့ဂျင် ပိတ်မိနေဆဲ...
တစ်ဖက်သတ်ဆန်ပင်မဲ့လဲ ပျော်ရွှင်ရတယ်မဟုတ်လား။

" အင်းလာမယ် ဂျောင်ကု နေရာပြောလေ "

ဆော့ဂျင်ဖုန်းလေးကိုချပြီး အကျီရွေးရန်ပြင်လိုက်သည်။

" ရာသီဥတုလေးက သာယာတော့.."

"၀ုန်း..."

မဲအုံ့နေသော ကောင်းကင်ကနေမိုးစက်တွေကျနေလဲ ဆော့ဂျင်အဖို့ သာယာနေပြန်သည်။
အဖြူရောင်ထီးအကြည်လေးကို စောင်းရင် ဂျောင်ကုနဲ့ ချိန်းထားတဲ့ဆိုင်ကို ဆော့ဂျင် ရင်ခုန်စွာ ထွက်လာသည်။

" ဂျောင်ကု "

" ဆော့ဂျင်လာလေ "

ပြုံးပျော်သွားဟန်ရှိသော ဆော့ဂျင်မျက်နှာများသည် ခဏအကြာ အံ့သြသောပုံစံ ပြောင်းသွားပြန်သည်။

" ဆိုယောင်း "

" ဂျင် ဒီကိုလာ "

အော်...သူတစ်ယောက်ထဲမဟုတ်ဘူးပဲ

" ငါတို့နှစ်ယောက်ထဲ ထင်နေတာ "

ဆော့ဂျင် ဂျောင်ကုနားကပ်ပြောတော့ ဂျောင်ကုက ရီပြရင်း သူ့ဆံပင်များကို ဖွာပြန်သည်။
သူမျှော်လင့်မိတာ တစ်အားများသွားတယ်။
.
.
.
.
.
ကော်ဖီဆိုင်က အပြန် ဂျောင်ကုတို့အိမ်တွင် သူငယ်ချင်း တစ်စု နေရာကျနေသည်။

အ၀ိုင်းပုံစံ ထိုင်နေကြပြီး ဂိမ်းများ​ဆော့နေကြပင်မဲ့ ဆော့ဂျင်က သူ့မျက်နှာချင်းဆိုင်က ဂျောင်ကုကိုသာ ကြည့်နေမိသည်။

Lie after Lie // complete //Where stories live. Discover now