For Unicode
မင်းများဆုတောင်းထားခဲ့လေ သလား???
မနီးခင်ထဲက ဝေးမဲ့ကံဇာတာတွေနဲ့ ငါတို့ဟာ....
°°°°____••••••••••••________
" ဂျွန်ဂျောင်ကု!!!!! ဂျွန်ဂျောင်ကု "
အားကစားခန်းမထဲ ဟိန်းထွက်လာသော အသံများထဲ ဂျောင်ကုကို အားပေးနေသော အသံများသည် အကျယ်လောင်ဆုံး ဖြစ်သည်။
အဖြူရောင် အားကစားဝတ်စုံလေးနဲ့ ဘောလုံးကို တစ်ခြားသူ လက်ထဲမှ လုယူသွားသော ဂျောင်ကုသည် ချွေးထွက်နေတာတောင် ကြည့်လို့ ကောင်းဆဲဖြစ်သည်။
" ဓာတု ဗေဒအသင်း အနိုင်ရသွားပါပြီ "
ဒိုင်လူကြီး ကြေညာသံနဲ့အတူ ဂျောင်ကုကို ၀ိုင်းဖတ်ကြသော အသင်းသားများကို ဆော့ဂျင် ထောင့်တစ်နေရာမှ ငေးကြည့်သည်။
" ဂျင် ဂျောင်ကု က တော်တယ်နော် "
ဆော့ဂျင် သူ့ဘေးက ဆိုယောင်းကို ခေါင်းငြိမ့်ပြသည်။
ဆော့ဂျင်နဲ့ သူ့သူငယ်ချင်းမ ဆိုယောင်းက ငယ်သူငယ်ချင်းတွေ ဂျောင်ကုနဲ့ကတော့ တက္ကသိုလ်ရောက်မှ ခင်သည်ပေါ့။
ဆော့ဂျင်လက်ထဲ ရေသန့်ဘူး အဖြူလေးကို ဆုပ်ကိုင်ထားပြီး ဆိုယောင်းကတော့ ဘေးက ကောင်လေးတစ်ယောက်နဲ့ စကားပြောနေသည်။
ဂျောင်ကု သူတို့ထံလမ်းလျှောက်လာပြီး ဆော့ဂျင်လက်ထဲက ရေဘူးကို ဖွင့်ပြီးသောက်သည်။
" ကျေးဇူးပဲ ဆော့ဂျင်..အခုမှ အမောပြေသွားတော့တယ် "
ဆော့ဂျင် သူ့ရင်ဘက်ကိုသူဖိပြီး ဂျောင်ကုအား ပြန်ပြုံးပြတော့ ဂျောင်ကုလက်ချောင်း သွယ်သွယ်များက သူ့ဆံပင်များအား ထိုးဖွပေးသည်။
" နောက်မှတွေ့ရအောင် သွားတော့မယ်ဆော့ဂျင် "
ဆော့ဂျင်က ထိုနေရာတွင်တောင့်တောင့်ကြီး ကျန်ခဲ့ပင်မဲ့ ဂျောင်ကုကတော့ တော်တော်လှမ်းလှမ်းကို ရောက်နေပြီ ဖြစ်သည်။
ကျောပြင်လေးကို ကြည့်ရင်း ဆော့ဂျင်ပြုံးသည်။
မပိုင်ဆိုင်ရလဲ သူပျော်ရွှင်ရင်ကျေနပ်သူလို့ ကိုယ့်ကိုကိုယ်ပြန်လိမ်မယ်..
လွယ်တော့မလွယ်ဘူးလေ ရင်ဘက်ထဲကတော့ နည်းနည်းနာတာပေါ့...
.
.
.
.
" ဆော့ဂျင် ဒီနေ့အားလား "
YOU ARE READING
Lie after Lie // complete //
Short StoryI wanna be lie...that was I never loved you.
