🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး

Zacznij od początku
                                    

တကယ်လို့...တကယ်လို့များ အကြောင်းတစ်ခုခုကြောင့် သူတို့၂ယောက်ရဲ့ဆက်ဆံရေးက ပိုဆိုးသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးက နွေဦးကို တစ်ချိန်လုံးနှောက်ယှက်နေတယ်။ဒါပေမဲ့လဲ မရှင်းမရှင်းနဲ့ထားလိုက်လို့ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာနဲ့စာရင် အပြီးအပြတ် တစ်ခါထဲရှင်းလိုက်တာအကောင်းဆုံးနည်းလမ်းပဲလေ။နွေဦးလဲကိုယ့်ဘာသာကိုယ်နားမလည်နိုင်တော့ဘူး...ဒီဆက်ဆံရေးကိုသူဘာလို့ခေါင်းထဲထည့်ထားမိပြီး ဒီလောက်ထိအလေးအနက်ထားနေမိလဲဆိုတာ။သူတို့နှစ်ယောက်ကတကယ်တော့ ဘာမှမဆိုင်တဲ့ လူနှစ်ယောက်ပဲလေ။တွေးလေတွေးလေ စိတ်ရှုပ်လာရလေမို့ နွေဦး စာအုပ်ပဲထိုင်ဖတ်နေလိုက်တော့တယ်။

ည၈နာရီလောက်ကျတော့မှ မိုးပင်လယ်အိမ်ပြန်ရောက်လာတယ်။သူစောင့်နေတဲ့လူက သူ့ကိုတွေ့တော့ အံ့ြသသွားပုံပေါ်တယ်။ကြည်ကြည်လင်လင်မရှိတဲ့ မျက်လုံးအကြည့်ထဲမှာ မလုံမလဲဖြစ်မှုတွေဖြတ်ပြေးသွားတာကိုလဲနွေဦးတွေ့လိုက်ရတယ်။ညနေကတည်းက ဂျုတီထွက်သွားတဲ့ မိုးပင်လယ်က  အခုချိန်ကျမှအိမ်ကိုဘာလို့ပြန်လာလဲဆိုတာ သူသိတယ်။ဒီနေ့နွေဦးနိုက်ဂျူတီကျတယ် ..ဒါကြောင့်မိုးပင်လယ်က သူ့ကိုရှောင်ဖို့ သူဂျူတီဝင်ချိန်ရောက်တဲ့အချိန်အထိ တစ်နေရာရာမှာ အချိန်ဖြုန်းခဲ့ပုံပဲ။

သူဘာအမှားများကျူးလွန်မိလို့ သူ့ကိုဒီလောက်တောင်ရှောင်ဖယ်နေရတာလဲ။နွေဦးမှာလဲ မာန ဆိုတာ ရှိနေတဲ့အတွက် ဒီလောက်ဆို သူတတ်နိုင်သမျှ ပြင်ဆင်ဖို့ကြိုးစားပြီးပြီလို့ယူဆလို့ရနေပြီဖြစ်တယ်။မိုးပင်လယ်က အံ့ြသသွားတဲ့ပုံကိုကြာကြာမပြဘူး အေးအေးဆေးဆေး နွေဦးရှိရာကိုလမ်းလျှောက်လာပြီး...
"နွေဦး ဒီနေ့ဂျူတီမလား"

နွေဦးဖတ်လက်စစာအုပ်ကို ပိတ်ပြီးမတ်တပ်ထကာ မိုးပင်လယ်ရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြီးအေးအေးသက်သာပဲပြန်ပြောလိုက်တယ်။
"ဟုတ်တယ်...လဲထားတာ ခင်ဗျားနဲ့စကားပြောချင်လို့လေ..ခုတော့ ပြောစရာမလိုတော့ဘူးထင်တယ်။ကျွန်တော်ဂျုတီပြန်ဝင်တာပဲကောင်းမယ်"

?Daffodils[Complete]Opowieści tętniące życiem. Odkryj je teraz