FOREVER

411 60 13
                                    

Unicode

written by @Bunny_Chick

"ကျွန်​တော် အစ်ကို့ကို ချစ်တယ်"

"အားနာ​ပေမယ့် ငြင်းပါရ​စေ ဥက္ကဌ"

​ပြုံးပြုံး​လေး ငြင်းလွှတ်​နေသူကိုကြည့်ရင်း သူသက်ပြင်းတစ်ချက်ချရင်းသာ ​အောင့်သက်သက်နဲ့ပြုံးပြလိုက်မိပါသည်။

အချစ်က ဤသို့နှယ် ရက်စက်၏။

_____________🦋____________

"ဒါပြီးရင် ဘာscheduleကျန်​သေးလဲ ?"

"ည​နေဘက် siteထဲကိုသွားကြည့်ပြီးရင် ပြီးပါပြီ ဥက္ကဌ"

ဖိုင်​တွဲ​တွေမှာ လက်မှတ်​တွေလိုက်ထိုးရင် ​မေးမိ​တော့ ပြန်​ဖြေလာတဲ့ အ​ဖြေကကိုယ်လိုချင်သလိုပဲမို့ ပြုံးမိသည်။ ​နောက်ဆုံးကျန်တဲ့ ဖိုင်ကိုလက်မှတ်ထိုး​ပေးပြီး လက်ထဲက​ဘောပင်​လေးကိုအသာချရင်း ​ဘေးမှာရပ်​​နေသူကို သူ​မော့ကြည့်ကာပြုံးပြလိုက်ရင်း ...

"ဒါဆို siteထဲကအပြန်ရုံးဆင်းရင် ညစာသွားစားကြမယ်​လေ"

"မဖြစ်ပါဘူး ဥက္ကဌ။ ကျွန်​တော် ..."

"မရဘူး လိုက်ရမယ်။ ​အရင်တစ်ပတ်က​ခေါ်တုန်းကလည်း မလိုက်ဘူး .. ဒီတစ်ခါ​တော့ မငြင်းပါ​တော့နဲ့အစ်ကိုရာ ... ​နော်"

သနားစရာ​ကောင်းတဲ့ မျက်လုံး​လေး​တွေနဲ့ ဆယ်ဟွန်း အစ်ကို့ကို ​မော့ကြည့်လိုက်သည်။ ငြင်းရခက်​နေပုံရတဲ့ အစ်ကိုက ခပ်အမ်းအမ်းမျက်နှာ​လေးနဲ့။ ဆယ်ဟွန်းကြိတ်ပြုံးလိုက်မိသည်။ ဒီအမူအရာ​လေးအရဆို အစ်ကိုလိုက်ခဲ့မယ်ဆိုတာ သိလိုက်ပြီမို့။

》》》》《《《《

စားပွဲထိုး​လေးလာချပြီးပြီးချင်း အစ်ကို့​ရှေ့ကစတိတ်ပန်းကန်ကိုဆွဲယူကာ အသားတုံး​လေး​တွေညီညီညာညာလှီးဖြတ်​ပေးမိသည်။ အစ်ကို့အတွက်ဆို အစစ အရာရာ အားလုံးလိုက်လုပ်​ပေးချင်တာ ဆယ်ဟွန်းရဲ့ဆန္ဒ။

"​ရော့ စားလို့ရပြီ"

"ဥက္ကဌကလည်း ကျွန်​တော့်ကိုဒီ​လောက်ထိလုပ်​ပေးစရာမလိုပါဘူး အားနာစရာကြီး"

HunHo Shot Story CollectionWhere stories live. Discover now