written by Bunny_2SH
Unicode
တစ်နေ့လုံး ဂျူတီကြောင့် မနားရသေးတဲ့အပြင် အပြင်လူနာ အသစ်များလို့ တစ်နေ့လုံးနီးပါး မတ်တပ်ရပ်ထားတာကြောင့် ခြေထောက်တွေ ညောင်းကိုက်နေပြီ ၊ သူတို့ အရေးပေါ် ဌာနက တခြားဘယ်ဌာနတွေလောက် ကောင်းကောင်းနားရလို့လဲ ? Night duty ရတဲ့ ရက်တွေဆို သေလောက်အောင်ပဲ အလုပ်ထွက်ချင်စိတ်ပေါက်လောက်အောင်ထိ ပင်ပန်းသည် ၊ အခုလည်း ဓာတ်လှေကားမရှိတဲ့ သူ့တိုက်ခန်းလေးဆီကို အထပ်ပေါင်းများစွာ တက်ရလိမ့်ဦးမည်။
လှေကားဘေးက အအေးစက်ထဲ အကြွေစေ့ထည့်ရင်းနဲ့ ညည်းညူလိုက်မိတယ် ...
“ ဟူး မောတယ် ၊ ရင်မောတယ် ကင်ဂျွန်မြောင်ရေ ”
အအေးစက်ထဲက ကျလာမယ့် ကော်ဖီအေးဘူးကို ကုန်းယူလိုက်တော့ ကော်ဖီအေးဘူးက ကျမလာဘူး
ကော်ဖီအေးဘူးက ကျမလာတဲ့ အပြင် သူ့အကြွေစေ့ ပါ ဆုံးရှုံးရတော့မှာလား?“ အာ ချီးဟေ့ ”
စိတ်တိုတိုနဲ့ အအေးစက်ကို ကန်ချလိုက်တော့ ဘေးနားက လူတွေကတော့ သူ့ကို အထူးတဆန်း ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြတယ်။
“ ဖြေးဖြေးလုပ်ပါ ဂျွန်ရယ် ”
ခနလေး သူဒီအသံကို ကောင်းကောင်းကြီး သိတယ်
ဒီအသံက ၊ ဒီလူရဲ့ နှုတ်ခမ်းဖျားက သူ့ကို ဂျွန်လို့ ခေါ်တဲ့ အသံ ၊ အသံကြားရာကို မော့မကြည့်ရဲလောက်အောင်ပဲ ၊ဒါပေမယ့် သူ အမှားလုပ်ထားတာမှမရှိတာ။သူ တုံ့ဆိုင်းနေရာကနေ ခေါင်းကိုမော့လိုက်တော့
တစ်ဖက်လူလက်ထဲမှာ သူ့ ကော်ဖီအေးဘူးက ရောက်ရှိနေပြီးပြီ။“ မတွေ့ရတာကြာပြီနော် ဂျွန် ”
တည်ငြိမ်တဲ့ မျက်နှာထားနဲ့ အအေးဘူးကို လှမ်းပေးနေတဲ့ တစ်ဖက်ကလူ ...
သူထင်တာ မလွဲဘူး၊ သူရှေ့မှာရပ်နေတာ အိုဆယ်ဟွန်းဖြစ်နေခဲ့တာပဲ ၊ အရင်တုန်းကလို့ ကျောင်း၀တ်စုံနဲ့ မဟုတ်ပဲ ရိုးရိုး T-Shirt လက်ရှည်ကို ဘောင်းဘီအနက် နဲ့ တွဲ၀တ်ထားတာက ငေးကြည့်ဖို့ ကောင်းလောက်အောင် ဆွဲဆောင်မူရှိနေတုန်း။
YOU ARE READING
HunHo Shot Story Collection
Short Storyကချင်နဲ့ကယားပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေထည့်ဝင်ထားတဲ့ Sehoistတွေအတွက်ပါ ❤