6.

1.4K 129 4
                                    


ကျောင်းတက်တာတပတ်ပင်ပြည့်တော့မည် ဧဒင် အခုထိ ထိုကောင်လေးနှင့် စကားမပြောရသေးပေ..။
သူတကယ်ထိုကောင်လေးနှင့် သူငယ်ချင်းဖြစ်ချင်မိသည် ။ စကားတွေအများကြီးပြောချင်မိသည် ။ လူမှုဆက်ဆံရေးကောင်းသောဧဒင်သည် ယခုအချိန်၌ အတန်းတတန်းလုံးနှင့်ခင်နေမည်ဖြစ်သော်လည်း ထိုကောင်လေးနှင့်တော့စကားတခွန်းမှမပြောမိသေးပေ ။
ဒီနေ့တော့ ဧဒင်ထိုကောင်လေး၏ ဘေး၌သွားထိုင်မည်ဟု တေးမှတ်ထားလိုက်သည်။

အတန်းထဲရောက်ရောက်ချင်း တခန်းလုံးအားဝေ့ဝိုက်ကြည့်လိုက်တော့....ဟော... တွေ့ပါပြီ...နောက်ဆုံးတန်းမှာတယောက်ထဲထိုင်နေပြန်တဲ့ အချေကောင်လေး..။
ထို့နောက် ဧဒင်လဲထိုကောင်လေးအနားခပ်မြန်မြန်ပင်သွားလိုက်တော့သည် ။
ဧဒင်အတန်းနားရောက်တော့ ထိုကောင်လေးကတချက်မော့ကြည့်ကာ အလိုက်တသိ ဘေးကိုတိုးပေးသောကြောင့် ဧဒင်လဲဘာမှမပြောဘဲဝင်သာထိုင်လိုက်တော့သည်။

ဆရာမ မဝင်သေးသောကြောင့် အတန်းထဲ၌ စာဖတ်နေသူများ ၊ စကားပြောနေသူများ ၊ gameဆော့နေသူများနှင့်ဆူညံလျက်ရှိသည်။
ဧဒင်ကတော့ ဘေးနားက ကောင်လေးဆီကattentionရအောင် ခုံပေါ်၌ လက်ထောက်ပြီးသာ ထိုကောင်လေးအား ထိုင်ကြည့်နေလိုက်တော့သည်။ ဒီအချေကောင်လေးဧဒင်ကိုသတိထားမိကောင်းပါရဲ့...။

ခေတ်ဦးမောင်လဲ သူ့ကိုစိုက်ကြည့်နေသော ဧဒင်ကြောင့် စိတ်ထဲ၌ တမျိုးဖြစ်လာရသည် ။

*သူက ဘာလို့ငါ့ကိုအဲ့လိုကြီးကြည့်နေတာလဲ...ငါ့မျက်နှာမှာဘာပေနေလို့လဲ...ဒါမှမဟုတ် ငါအမှားများလုပ်ထားမိလို့လား....*

ခေတ်ဦးမောင်စိတ်ထဲ၌တွေးတောနေကာ ထိုသူအား သေချာပြန်စိုက်ကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေသော ဧဒင်နှင့်အကြည့်ချင်းဆုံမိသွားတော့သည်။
အကြည့်စူးစူးရဲရဲများအောက် အရင်အကြည့်လွှဲမိသူက ခေတ်ဦးမောင်ပင်....။ သူတကယ် ထိုကောင်လေးမျက်လုံးများအား ကြာကြာစိုက်မကြည့်နိုင်ပေ..။ မဟုတ်..မကြည့်ရဲတာမျိုးဆိုပိုမှန်နိုင်သည်...။
အကြည့်ချင်းခဏဆုံမိတာတောင် တကိုယ်လုံးတုန်ယင်လာကာ ပစ်လဲချင်မိသည်အထိ  စူးရှသောမျက်လုံးမျိုးဆိုတာ ခေတ်ဦးမောင်အပိုပြောချင်းမဟုတ်...။
ခေတ်ဦးမောင် မိမိကိုယ်ကိုပြန်လည်တည်ငြိမ်အောင်လုပ်နေရသည် ။ ထိုသူကတော့ဆက်ကြည့်နေဆဲပင်..။ ခေတ်ဦးမောင် ကတော့ လှည့်မကြည့်ဖြစ်တော့... ကိုယ့်အကြောင်းကိုယ်သာလျှင်အသိဆုံးပင် ။
နောက်တခါ ထိုအကြည့်တွေအောက်မခိုဝင်ချင်တော့ပါ.....။
.
.
.
.
.

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedWhere stories live. Discover now